အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
9
လွန်ခဲ့သော ၁၁ လ က · မဘိမ်း

သခွားပင်က အနားသတ်တွေ အလယ်တွေကနေ ‌ဖြူလာပါတယ်။တဖြည်းဖြည်း အဖြူကွက်သေးသေးကနေ ကြီးလာပါတယ်။အရွက်တွေကလဲဝါချင်နေပါတယ်...

သခွားပင်က အနားသတ်တွေ အလယ်တွေကနေ ‌ဖြူလာပါတယ်။တဖြည်းဖြည်း အဖြူကွက်သေးသေးကနေ ကြီးလာပါတယ်။အရွက်တွေကလဲဝါချင်နေပါတယ်။ဘယ်လုပ်ရမလဲဖြေကြားပေးပါအုံးဗျ။

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၁၄ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက်
ပိုးမွှားရောဂါ သခွား သခွား ဖားဥမှိုရောဂါ
Post image
Post image
Post image

ဖြေကြားချက် ၃ ခု

348,957 လွန်ခဲ့သော ၁၁ လ က

ဖားဥမှိုရောဂါသေချာတယ်ဆိုရင် ယူနတီဖျန်းပြီးလျှင်ရောဂါရပ်တန့်သွားပြီး ဆက်လက်မပြန့်ပွားရပါဘူးခင်ဗျာ အကယ်၍ဖားဥမှိုရောဂါကျတယ်ဆိုတာသေချာရင်တော့ အခြား ဆေးများဖြစ်တဲ့ Hexaconazole, Tebuconazole ဆေးတစ်မျိုးမျိုးဖျန်းပေးနိုင်ပါသေးတယ်၊ ဆေးဖျန်းပြီးလျှင်ဆေးဖျန်းပြီးလျှင်ရောဂါဆက်လက်ပြန့်ပွားခြင်းရှိမရှိစောင့်ကြည့်နိုင်ပါတယ်

9 လွန်ခဲ့သော ၁၁ လ က

ဆိုင်ကို အပင်နုတ်ပြီးသွားပြပါတယ်ဗျ။ ဖားဥမှိုလို့ပြောပါတာ်။ မုန်ညှင်းမှာကျတဲ့သံချေးဖြူလို တုနေတော့ ဆိုင်ကလဲမခွဲတတ်ဘူးပြောတယ်။

348,957 လွန်ခဲ့သော ၁၁ လ က

လှေးကျိုင်း(Cucumber beetle)ကျတာပါ၊ အရွက်မျက်နှာပြင်ပေါ်ကအဖြူရောင် သေးသေးလေးတွေကပိုးကောင်လေးတွေဖြစ်နိုင်ပါတယ်၊ ရောဂါမဟုတ်ပါဘူးဗျ၊ Thiamethoxam, Imidacloprid, Deltamethrin, Carbaryl , Lambda cyhalotharin ဆေးတစ်မျိုးမျိုးဖျန်းပေးနိုင်သည်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။