အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
230
လွန်ခဲ့သော ၁၀ လ က · ကျောက်မဲ

နတ်တော်လမှာ ခရမ်းနဲ့ သခွားစိုက်လို့ရလားဗျ(ရှမ်းပြည်မြောက်ပိုင်း၊သဲမြေမှာ စိုက်ပျိုးတာပါ)

ဖြေကြားချက် ၄ ခု

230 လွန်ခဲ့သော ၁၀ လ က

ကျေးဇူးပါဗျာ

348,307 လွန်ခဲ့သော ၁၀ လ က

သခွားမျိုးကလည်း ဆောင်းသခွါးမျိုးဆိုစိုက်ပျိုးလို့ရပါသည်။

348,307 လွန်ခဲ့သော ၁၀ လ က

သခွားသည် သဲဆန်သောသဲမြေမှ စနယ်မြေစေးအထိ မြေအမျိုးမျိုးတွင် စိုက်ပျိုးဖြစ်ထွန်းသော်လည်း၊ နုံးမြေ ၊ သဲနုံးမြေ နှင့်နုံးစနယ်မြေများတွင် ပိုမိုဖြစ်ထွန်းပါသည်။ သခွားစိုက်သောမြေနေရာတွင် ရေမဝပ်စေဘဲ ရေစီးရေလာကောင်းသောနေရာများတွင် ပိုမိုဖြစ်ထွန်းပါသည်။ သခွားမျိုးများသည် မြေချဉ်ငံဓါတ် pH (၅.၅) မှ (၆.၅)အတွင်းပိုမိုဖြစ်ထွန်းပါသည်။ သခွားသည်ပူနွေးသောရာသီတွင် ပိုမိုဖြစ်ထွန်းပြီး ဆီးနှင်းဒါဏ်ကို ခံနိုင်ရည်မရှိပေ။ သခွားပင်များသည် (၁၁)°Cတွင် အပင်မပေါက်နိုင်ပေ။ သခွားပင်များသည် အပူချိန် (၁၈)°C မှ (၂၄)°C အတွင်းမှာသာ ပိုမိုဖြစ်ထွန်းပါသည်။ မိုးများပြီးစိုထိုင်းဆများသောနေရာများတွင် စိုက်ပျိုးပါကအပင်များရောဂါကျ လွယ်ပါသည်။ ထို့ကြောင့်နေရောင်ခြည် ကောင်းစွာရရှိပြီး စိုထိုင်းဆနည်းသောအရပ်များတွင် သခွားစိုက်ပျိုးရန်သင့်တော်ပါသည်။

348,307 လွန်ခဲ့သော ၁၀ လ က

--------------- ရေသွင်း ရေထုတ်လွယ်ကူသည့်မြေဩဇာကောင်းမွန်သော သဲနုန်းမြေကိုနှစ်သက်သည်။ အာဟာရဓာတ် အလွန်စားသုံးသောသီးနှံဖြစ်ခြင်းကြောင့် မြေဆီဩဇာထက်သန်သောမြေကို နှစ်သက်သည်။ pH မှာ (၅.၅ - ၆.၅) အတွင်းပိုမိုဖြစ်ထွန်းနိုင်သည်။ ပူနွေးသောရာသီဥတုရှည်လိုလားသော အပင်ဖြစ်သည်။ အပူချိန်(၁၃) ဒီဂရီစင်တီဂရိတ်မှ (၂၁) ဒီဂရိစင်တီဂရိတ်တွင်အသင့်တော်ဆုံးဖြစ်သည်။ ခရမ်းစိုက်ပျိုးလို့ဖြစ်ထွန်းနိုင်ပါတယ်

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။