အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
U Yan
U Yan 10,049
လွန်ခဲ့သော ၁၀ လ က · ချောက်

ဆရာရေ ခရမ်းချဥ်ပင်တွေအကုန်လုံး အလိုမျိုးတွေချည်ဖြစ်သွားလို့ အေဇိုတက် ၂ ကြိမ် မန်ကိုဇက် + မက်တလဇီး ၁ ကြိမ် ဖျန်ထားပါတယ်ခငိဗျ ဒါပေမဲ့အပင်တွေအကုန်ကူးနေလို့ပါ ကုသလို့ရသေးလားခင်ဗျ မက်တလဇီး သီးသန့်ရှိပါသေးတယ် အေဇိုတက်ရောကျန်တေးပါတယ် ဘာဆက်လုပ်ရမလဲခင်ဗျ

ပိုးမွှားရောဂါ ခရမ်းချဉ် ခရမ်းချဉ်နှောင်းပင်နာကျရောဂါ
Post image
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 353,563 လွန်ခဲ့သော ၁၀ လ က

နှောင်းပင်နာကျရောဂါ(Late Blight)ကျနေတာပါ ရောဂါဖြစ်ပေါ်တိုးပွားနိုင်သော အခြေအနေများ (Conditions for Disease Development) "ကူးစက်နိုင်ခြေအရှိဆုံးအချိန်မှာနွေလယ်ပိုင်း ဖြစ်ပါသည်။ မှိုဟာ အပင်ရဲ့ အရေပြားပေါ်ရှိ ဒဏ်ရာတွေ၊ အက်ကွဲကြောင်းတွေကတစ်ဆင့် ဝင်ရောက်ပါသည်။ ရောဂါဖြစ်ပွားမှုအပေါ် သက်ရောက်မှုရှိတဲ့ အရေးအကြီးဆုံး ပတ်ဝန်းကျင်အချက်တွေကတော့ အပူချိန်နဲ့ အစိုဓာတ်ဖြစ်ပါသည်။ နှောင်းပင်နာကျ ရောဂါကျရောက်စေသော မှိုစပိုး (Late blight fungi) တွေဟာ စိုထိုင်းဆ (relative humidities) မြင့်မားတဲ့ (၉၀ ရာခိုင်နှုန်းခန့်)၊ အပူချိန် ၁၈ မှ ၂၆ ဒီဂရီစင်တီဂရိတ်အတွင်းမှာ အကောင်းဆုံး ကြီးထွားနိုင်ပါသည်။ ပူနွေးပြီး ခြောက်သွေ့တဲ့ နွေရာသီရာသီဥတုက ရောဂါပျံ့နှံ့မှုကို ရပ်တန့်စေနိုင်ပါသည်။ စီမံခန့်ခွဲထိန်းချုပ်ခြင်း (Management and Control) ‌ ရောဂါပိုးကင်းစင်သော မျိုးစေ့နှင့် ပျိုးပင်များကို အသုံးပြုပါ။ ရောဂါကျရောက်မှု ပြင်းထန်သော ခရမ်းချဉ်ပင်/အာလူးပင်များကို စိုက်ခင်းမှ ဖယ်ရှားပစ်ပါ။ အလွန်အကျွံ စိုစွတ်မှု/အရွက်များ ကြာရှည်စွာ စိုနေခြင်းကို ရှောင်ကြဉ်ပါ။ နိုက်ထရိုဂျင် (Nitrogen) ဓာတ်မြေသြဇာကို အလွန်အကျွံ ကျွေးခြင်းကို ရှောင်ပါ။ အပင်အတွင်းသို့ စိမ့်ဝင်နိုင်သော (Systemic) မှိုသတ်ဆေးများ (ဥပမာ- metalaxyl) ထိသေအာနိသင်ရှိ( mancozeb, Copper ကြေးနီပါဝင်သောဆေးများ,chlorothalonil ) ကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ဖြန်းပေးပါ။ ကြိုတင်ကာကွယ်မှုအတွက် မှိုသတ်ဆေးများဖြစ်သည့် Trifloxystrobin,cymoxanil+mancozeb,cymoxanil + famoxadone , Dimethomorph+ Cymoxanil, Azoxystrobin,Captan , difenoconazole+propiconazole , propineb , metalaxyl+mancozeb,Ametoctradinမှိုသတ်ဆေး တို့ကို ဖျန်းပက်အသုံးပြုနိုင်ပါသည်။ ဒီရောဂါအတွက်အထိရောက်ဆုံးကတော့ Dimethomorph+ Cymoxanil ဆေးအရောဖြစ်ပါတယ်ဗျ။ ဆေးအသစ်ဝယ်ဖျန်းဖို့ကုန်ကျစရိတ်များမှာစိုးရိမ်ရင်လည်း လက်ကျန်အေဇိုတက်ဖျန်းပေးပါဗျ၊ ရောဂါမကျသေးသောအရွက်များဆက်လက်ကူးစက်ခြင်းရှိမရှိစောင့်ကြည့်ပါ၊ကူးစက်ပျံ့နှံ့မှုမရှိရင်ရောဂါပျောက်ပြီလို့ယူဆနိုင်ပါတယ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။