အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကျော်ဇင်ကို
လွန်ခဲ့သော ၁၀ လ က · တောင်တွင်းကြီး

စပါးပင်တွေကအနှံထွက်မညီဘူးဖြစ်နေတာအနှံထွက်ညီအောင်ဘယ်လိုလုပ်သင့်လဲသိချင်ပါတယ်

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၁၂၀ ရက်
ရာသီဥတု (တစ်ပတ်အတွင်း)
အသင့်တင့် နေသာ အများအားဖြင့် နေသာ
အပင်အာဟာရ စပါး စပါးပင်နှင့်အာဟာရ

ဖြေကြားချက် ၂ ခု

သော်ဇင်
သော်ဇင် 353,176 လွန်ခဲ့သော ၁၀ လ က

အနှံထွက်မြန်စေရန် ဟော်မုန်းအားဆေးများ၊ဂျစ်ဘရယ်လင်အားဆေးများဖျန်းပေးနိုင်ပါတယ်

သော်ဇင်
သော်ဇင် 353,176 လွန်ခဲ့သော ၁၀ လ က

မြေအနိမ့်အမြင့်မညီညာခြင်းကြောင့် ရေပြတ်ခြင်း၊ရေဝပ်ခြင်းကြောင့် ကြီးထွားနှုန်းမညီဘဲပင်ပွားထွက်ချိန်ကွာခြားသွားခြင်း၊ အဟာရဓာတ်ချို့တဲ့ခြင်း၊ ရေပြတ်လပ်ခဲ့ခြင်း၊ပိုး ရောဂါကျခဲ့ခြင်းတို့ကြောင့်ဖြစ်နိုင်ပါတယ် ဘာကြောင့်ဖြစ်နိုင်လဲစဉ်းစားပြီးလိုအပ်တာပြုပြင် ပေးရပါမယ်ခင်ဗျ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

စပါးကိုပုံပါရွက်ဖျန်ဆေးသုံးရင်အာနိသင်ထိရောက်မှုရှိပါသလားခဗျ

ဖြေကြားချက် 1 ခု

စပါးက ဖုံးနေပြီ စပါးအရောင်က ပြာနေတယ် အရင်က ပုလဲဓာတ်မြေသြဇာကျွေးထားတယ် အခု ပိုတက်ပါတဲ့အစာက်ုထပ်ကျွေးသင့်လားဗျ

ဖြေကြားချက် 2 ခု

စပါးအရောင်တွေကပြာနေတယ် ဓာတ်မြေသြဇာကျွေးသင့်လား မကျွေးသင့်ဘူးလားဗျ

ဖြေကြားချက် 1 ခု

စပါးစိုက်ခင်းစိုက်ပြီး၁လသားလောက်ကိုထိသေဆေးမှားဖျန်းမိလို့ဘယ်လိုပြန်လုပ်လို့ရနိုင်လဲဗျအပင်အတော်များများလဲဝါတတ်...

ဖြေကြားချက် 2 ခု

ရက်90စပါး ကြဲခင်းမှာ မိုးရွာသွားတဲ့အတွက် ရေအိုင်တဲ့နေရာတွေကိုပြန်ကြဲပါတယ် ပထမအပင်နဲ့ 15ရက်သားလောက်ကွာသွားပါတယ်...

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။