အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
403
လွန်ခဲ့သော ၁၀ လ က · ကျောက်ပန်းတောင်း

ခရမ်းချဉ်မှာ အဖြစ်များတဲ့ ရွက်ကြောင်းပိုး ကို ဘယ်လိုဆေးနဲ့ နိုင်အောင်လုပ်ရမလဲ နောက်ပြီးပုံမှာပါတဲ့အတိုင်း အ...

ခရမ်းချဉ်မှာ အဖြစ်များတဲ့ ရွက်ကြောင်းပိုး ကို ဘယ်လိုဆေးနဲ့ နိုင်အောင်လုပ်ရမလဲ နောက်ပြီးပုံမှာပါတဲ့အတိုင်း အရွက်တွန့်နေတာ ဘယ်လိုဖြစ်တာလဲ ကုလို့ရလား ရှင်းပြပေးပါအုံး။ တွဲမဖျန်းသင့်တဲ့ ဆေးတွေ သိအောင် ဘယ်လိုလေ့လာရမလဲ ဘယ်မှာရှာလို့နိုင်မလဲ အကြံပြုကြပါအုံးခင်ဗျာ

ပိုးမွှားရောဂါ ခရမ်းချဉ် ခရမ်းချဉ်ရွက်ထွင်းပိုး
Post image
Post image

ဖြေကြားချက် ၃ ခု

348,989 လွန်ခဲ့သော ၁၀ လ က

ရောစပ်၍မရသောဆေးများကတော့ ပို့ပေးရမှာ အနည်းငယ်များလို့ Viber//09978631606မှာဆက်သွယ်ထားပေးပါခင်ဗျာ

348,989 လွန်ခဲ့သော ၁၀ လ က

ပုံပါအရတော့စုပ်စားပိုးလှေးပိုးကြောင့် အရွက်တွန့်ဗိုင်းရပ်စ်ရောဂါကျတာပါခင်ဗျာ၊ လှေးပိုးနိုင်အောင်နှိမ်နင်းပေးပါခင်ဗျာ

348,989 လွန်ခဲ့သော ၁၀ လ က

ရွက်ကြောင်းပိုးဆိုတာရွက်ထွင်းယင်ကောင်ကျတာကိုပြောတာဖြစ်ပါလိမ့်မယ်ခင်ဗျာ၊ လက္ခဏာပြအရွက်ရဲ့ တစ်ရှူးသားက တွန့်နေမယ်၊ အရွက်နုပိုင်းမှာ ရွက်ထွင်းလက္ခဏာတွေ့ရမယ်၊ ရွက်ထွင်းလက္ခဏာလမ်းကြောင်းမှာ ပိုးရဲ့အညစ်အကြေးစွန့်ခဲ့တဲ့ အမဲစက်လေးတွေမတွေ့ရပဲ ဖြူရောင်အတိုင်း ဘေးဘက်ကို ခပ်ကျယ်ကျယ် လမ်းကြောင်းတွေ့ရမယ်၊ အရွက် အပေါ်မျက်နှာပြင်ရော အောက်မျက်နှာပြင်ရောမှာ လမ်းကြောင်းတွေ့ရမယ်ဆိုရင် ကျနေတဲ့ရွက်ထွင်းပိုးသည် လိပ်ပြာဖလံအုပ်စုရွက်ထွင်းပိုးရဲ့ လက္ခဏာလို့ ဆုံးဖြတ်ရပါမယ်။ (ရှောက် သံပုရာ၊ ငရုပ် စတာတွေမှာကျတတ်တာများပါတယ်) ရွက်ထွင်းလက္ခဏာပြတဲ့စိုက်ခင်းဟာ နေရောင်ခြည်ကောင်းစွာရနေမယ်၊ နုန်းဆန်ပြီး အစိုဓာတ်အသင့်အတင့်ရှိမယ်၊ ရာသီဉတုက အေးမြခြောက်သွေ့ပြီး ညဦး၊ မနက်ခင်းမြူဆိုင်းမယ်၊ အရွက်အပေါ်မျက်နှာပြင်မှာသာ လက္ခဏာတွေ့ရမယ်၊ အရွက်တစ်ရှူးသားမတွန့်ဘူး၊ ရွက်ထွင်းလမ်းကြောင်းတလျှောက် ပိုးရဲ့အညစ်အကြေးစွန့်ခဲ့တဲ့ အမဲစက်လေးတွေရှိနေမယ်၊ လမ်းကြောင်းက ကျဉ်းမြောင်းပြီးရှုတ်ထွေးသွယ်ယှက်နေမယ်ဆိုရင် ဒါဟာ ယင်ကောင်အုပ်စု ရွက်ထွင်းပိုးကြောင့် ဖြစ်တယ်လို့သုံးသပ်ရပါမယ် (ခရမ်းချဉ်၊ အာလူး၊ ဘူး ဖရုံ စတဲ့သီးနှံတွေမှာ ကျတတ်တာများပါတယ်)။ ရွက်ထွင်း ၂ မျိုးမှာ လိပ်ပြာဖလံအုပ်စုကြောင့်ရွက်ထွင်းသည် အရွက်အညှာရင်းကနေ ကြွေကျတတ်ပါတယ်။ စိုက်ခင်း ရေဖြတ်ခြင်း၊ ကိုင်းချိုင် အလင်းဖွင့်ပေးခြင်း၊ လေဝင်လေထွက်ကောင်းအောင်ဆောင်ရွက်ခြင်း၊ Emamectin benzoate, spinosad, Flubendiamide၊ beta_cypermethrin စတဲ့ဆေးတွေ ရွေးချယ်နိုင်ပါတယ်။ ယင်ကောင်အုပ်စုကြောင့်ရွက်ထွင်းသည် အရွက်တစ်ရှူးသားများညှိုးခြောက်တွန့်လိမ်သွားတတ်ပါတယ်။ ညှိုးခြောက်နေတဲ့ အရွက်များကို ဖြတ်ပေးခြင်း၊ စိုက်ခင်း အစိုဓာတ်အသင့်အတင့်ပေးခြင်း၊ အရိပ်ရအောင် ဇကာစိမ်းမိုးပေးခြင်း၊ Abamectin, Acetameprid, Spiromesifen စတဲ့ဆေးများကို ရွေးချယ်နိုင်ပါတယ်။

You

ဆက်စပ်မေးခွန်းများ

ဘာဖြစ်တာလဲဆရာတို့ ပြန်ကောင်းနိုင်သေးလား အပင်၃၀လောက်ဖြစ်နေတာ

ဖြေကြားချက် 1 ခု

ဆရာရေ အခုည စိုက်ခင်းဝင်ကြည့်တာ ရွက်ထွင်းယင်လေးတွေအတော်များတွေ့နေရလို့ မနက်ဖြန် ဖော်ယူ ၄ ဇွန်းဖျန်းလိုက်မယ်ဆရာ...

ဖြေကြားချက် 7 ခု

ဆရာခရမ်းချဥ်တွေလဲ ကော့ပါးဖျန်းဖိုးလိုလားဆရာ တစ်ချို့ဟာတေတော့ ဖျန်းဖို့မလိုရင်မဖျန်းချင်သေးဘူးဆရာ ရင်းတာများ...

ဖြေကြားချက် 1 ခု

ခရမ်းချဉ်မှာ အဖြစ်များတဲ့ ရွက်ကြောင်းပိုး ကို ဘယ်လိုဆေးနဲ့ နိုင်အောင်လုပ်ရမလဲ နောက်ပြီးပုံမှာပါတဲ့အတိုင်း အ...

ဖြေကြားချက် 3 ခု

ဆရာဒီလက္ခဏာက ပိုးလား မှိုလားဆရာ ပရိုက်မက်တင်ဖျန်းထားတာ ၅ ရက်တော့ရှိပီဆရာ

ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။