ပဲတီစိမ်း မတ်ပဲ ၁၅ ရက်သားရှိပါပီ မှိုဆေး+ပိုးသတ်ဆေး အားဆေး+ပိူးသတ်ဆေး ဘယ်ဆေးအရင်စဖျန်းသင့်လဲဗျ နောက်တစ်ခုက အကုန်ရောဖျန်းလို့ရော ရလားပါဖြေပေးပါနော်
စိုက်ခင်းကအစိုဓာတ်များလို့ရေုဂါကျနိုင်ချေများနေရင် သို့မဟုတ် အအေးဒဏ်ကြောင့် အပင်ထနှေးနေတယ်ထင်ရင် ဆာလဖာမှိုသတ်ဆေးသီးသန့်ကို မနက်ခင်းနေပူမပြင်းချိန်မှာ အရင်ဖျန်းပေးသင့်ပါတယ်၊ ရောဂါကျနိုင်ချေမရှိဘူးဆိုရင်တော့ ပိုးဆေး+အားဆေးတွဲဖျန်းပေးလို့ရပါတယ်ဗျ၊သို့ပေမယ့်အခုတည်းကပိုးဆေးဖျန်းရအောင်ပိုးကကျနေပြီလားဗျ၊မကျသေးဘူးဆိုရင် အားဆေး သီးသန့်ပဲဖျန်းလိုက်ပါဗျ၊ဘီတာစီပိုးသတ်ဆေးကိုတော့ ဖျက်ပိုးကျလ က္ခဏာမြင်မှဖျန်းသင့်ပါတယ်ဗျ၊ ဆေးတွေရောဖျန်းလို့ရလားမေးထားတဲ့အပိုင်းကတော့ ဆာလဖာပါသောမှိုသတ်ဆေးကိုမည်သည့်ဆေးနှင့်မျှရောစပ်မပက်ဖျန်းသင့်ဘူးလို့မှတ်ထားသင့်ပါတယ်ဗျ၊
ဆက်စပ်မေးခွန်းများ
သိုင်ယာမီသိုဇမ်နဲ့ ဘယ်AI ပိုတွဲလို့အဆင်ပြေလဲဗျ ပွင့်ထွေးပိုး လှေးပိုးအတွက် ဖြေပေးပါအုံးဗျ ဆရာတို့
ဖြေကြားချက် 1 ခု
ဆရာကြီးတို့ခဗျာ ကျွန်တော်ဒီနေ့ မနက်ကို ပုံပါဓါတ်ဆားကို မနက်ဘက် ပတ်ပြီးတော့ ညနေဘက်ကို ပုံပါ ဘတ်တီးရီးယားသတ်ဆေး...
ဖြေကြားချက် 1 ခု
ကာဆူကာမိုင်ဆင်နဲ့ ကော့ပါးအောက်စီကလိုရိုဒ် ပေါင်းထားတဲ့ premixed ဆေးနာမည်လေးများ သိကြသလားဗျ။
ဖြေကြားချက် 2 ခု
ဒေါက်တာဘင်းရွက်ဖျန်းအားဆေး N -18 % Mo-1.8% Mg-0.2% S-0.3% ကလောက်ဒီမှိုသတ်ဆေး S-80 ဆေးနှစ်မျိုးမှာ ဆာလဖာတေပါဝင်...
ဖြေကြားချက် 1 ခု
ပုလဲနဲ့ လက်ချား အားဆေးထဲကို ပိုးသတ်ဆေးရောဖျန်းလို့အဆင်ပြေလား ဆရာတို့
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။