အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
3
လွန်ခဲ့သော ၉ လ က · မင်းတပ်

ဆောင်းရာသီမှာ အရမ်းအေးလို့ထင်တယ် ခရမ်ချဥ်ပျိုးတာမပေါက်ဘူး၁လရှိပြီ ဆောင်းရာသီအတွက်အပင်ပျိုးနည်းလေးပြောပြကြပါဆရာ...

ဆောင်းရာသီမှာ အရမ်းအေးလို့ထင်တယ် ခရမ်ချဥ်ပျိုးတာမပေါက်ဘူး၁လရှိပြီ ဆောင်းရာသီအတွက်အပင်ပျိုးနည်းလေးပြောပြကြပါဆရာသမားတို့

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
မရှိ
စိုက်ပျိုးနည်း ခရမ်းချဉ် မျိုးစေ့ငုပ်လျှိုးခြင်း

ဖြေကြားချက် ၁ ခု

349,565 လွန်ခဲ့သော ၉ လ က
ဤအဖြေဖြင့် ပြေလည်

ခရမ်းချဉ်သီးမျိုးစေ့များသည် 25°–30°{C} တွင် အကောင်းဆုံး အပင်ပေါက်လေ့ရှိသည်။ အပူချိန် 15°{C} အောက် ကျဆင်းပါကအပင်ပေါက်နှုန်း နှေးကွေးခြင်း သို့မဟုတ် ရပ်တန့်ခြင်းဖြစ်တတ်တာအမြဲဖြစ်လေ့ရှိပါတယ်။ အအေးမိနေသော မြေကြီးထဲတွင် တိုက်ရိုက်ပျိုးထောင်မည့်အစား- ပျိုးဗန်းများ သို့မဟုတ် ပလတ်စတစ်အိတ် ပျိုးခင်းကို အသုံးပြုပါ။ ပျိုးခင်း၏ အပူချိန်ကို 25–30°Cအတွင်း ထားရှိနိုင်ရန် ပျိုးခင်းကို ပလတ်စတစ်အကြည်ဖြင့် လုံခြုံအောင်ကာပေးပါ၊ ပျိုးဗန်းများအောက်တွင် အနက်ရောင်ပလတ်စတစ်မြေဖုံးများထားရှိပေးပါ၊အညှောက်ပေါက်လာပါက ဖယ်ပေးရန်လိုအပ်မည်။ပျိုးခင်းကို နေရောင်ကောင်းစွာရသော နေရာတွင် ထားပါ။ညနေပိုင်းတွင် ရေလောင်းခြင်းကို မပြုလုပ်ပါနှင့်။ ပျိုးခင်းအစိုဓာတ်မများစေရန်ဂရုစိုက်ပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။