ဖြေကြားချက် ၁ ခု
Quizalofop-P-ethyl ဟာ ပင်လုံးပျံ့ဆေးဖြစ်တဲ့အတွက် ဖျန်းပြီး တစ်ရက်အကြာမှာ ရေလောင်း (ရေတန်းဖျန်း) လို့ ရပါတယ်။ ဆေးဖျန်းပြီး ၆ နာရီကနေ ၈ နာရီအတွင်းမှာတင် ဆေးက အပင်ထဲ စိမ့်ဝင်သွားပြီဖြစ်လို့ နောက်နေ့မှ ရေလောင်းတာက ဆေးအာနိသင်ကို မလျော့စေပါဘူး။ ပေါင်းပင်တွေကတော့ ဆေးဖျန်းပြီး ၁ ပတ်ကနေ ၂ ပတ်အတွင်းမှာ တဖြည်းဖြည်း ဝါပြီး သေသွားမှာ ဖြစ်ပါတယ်။ ရေလောင်းပေးခြင်းက ပေါင်းပင်တွေ ဆေးပိုစားစေလို့ ပိုတောင် ကောင်းပါသေးတယ်ဗျ။ Quizalofop-P-ethyl ဟာ မြက်ပင် (Gramineae) အမျိုးအစားတွေကိုပဲ သေစေတာဖြစ်လို့ နှမ်းခင်းထဲက မြက်တွေကို သေစေမှာ ဖြစ်ပေမဲ့ အရွက် ပြန့်ပေါင်း တွေကိုတော့ သေစေမှာ မဟုတ်ဘူးဗျ
ဆက်စပ်မေးခွန်းများ
မိုးနှမ်းစိုက်ထားတာ ၁၈ရက်သားရှိပါပြီ၊ရွေးချယ်ပေါင်းသတ်ဆေးဖျန်းထားပါတယ်၊တောင်စောင်းတွေအပေါ်စိုက်လို့ရလား၊ဒီနှစ်...
ဖြေကြားချက် 1 ခု
ပေါင်းသက်ဆေး
ဖြေကြားချက် 1 ခု
Quizalofop p ethyl 10ec ကိုနှမ်းမစိုက်ခင်အကွက်ထဲကျန်တဲ့ရွက်ချွန်းတွေဖျန်းလို့ရလားဆရာ ဖျန်းပြီးနှမ်းပြန်စိုက်...
ဖြေကြားချက် 3 ခု
နှမ်းစိုက်ခင်းထဲ မတ်ပဲပေါင်းပင်းတွေ ဘာဆေးနဲ့သတ်လို့ အဆင်ပြေမလဲ။ ပြောပြပေးပါဦး
ဖြေကြားချက် 2 ခု
နှမ်းခင်းထဲမှာ အဲ့လိုပေါင်းပင်တွေ အရမ်းပေါက်နေလို့ ဖော်ကျွန်းဖျန်းရင် သေနိုင်လားဗျ .. ဘယ်လိုဆေးကို ဖျန်းသင့်သ...
ဖြေကြားချက် 8 ခု