၀က်ကလေးတွေကို 35 ရက်သားမှာ သားခွဲတယ် cp950kp(5kg) 1အိတ်ကျွေးထားတာ ခုနေ့ 41 ရက်သားမှာ cp ကုန်သွားလို့ newhope 880 ကျွေးလိုက်တာ ၀မ်းလျှောကုန်လို့ 950kp ဘဲပြန်ကျွေးရမလား အကြံပေးကြပါအုံးဗျာ
ဝက်ကလေးတွေ ဝမ်းလျှောရတာဟာ CP ကနေ New Hope ကို ရုတ်တရက် အစာပြောင်းကျွေးမိလို့ ဖြစ်ပါတယ်ဗျ။ ဝက်ကလေးတွေရဲ့ အူလမ်းကြောင်းက အစာသစ်ကို မခြေဖျက်နိုင်သေးလို့ပါ။ လက်ရှိမှာတော့ ဝမ်းပိတ်ဆေး (သို့မဟုတ်) ဓာတ်ဆားရည် တိုက်ကျွေးပေးပါ။ အစာကိုတော့ အရင်ကျွေးနေကျ ၉၅၀KP နဲ့ ပြန်ရောပြီး တဖြည်းဖြည်းချင်း ကျင့်ပေးဖို့ အကြံပြုလိုပါတယ်ဗျာ။ အစာသစ်ချည်းပဲ ဇွတ်မကျွေးပါနဲ့ဦးခင်ဗျ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
စစ်ကိုင်းတိုင်းအထက်ပိုင်း ၊ ခန္တီးခရိုင် တွင် စီးပွားဖြစ် မည်သည့် မွေးမြူရေး အမျိုးအစား လုပ်ကိုင်သင့်ပါသလဲခင်...
ဖြေကြားချက် 1 ခု
ဝက် 50မွေးထားတယ် ခင်ဗျ။ ခြံက ဝက်ချေးစော် နံတာပေါ့ ခင်ဗျာ။ ယင်ကောင်တွေလည်းပေါ။ ဝက်ချေးနံ့လည်း သက်သာ၊ လောင်စာ...
ဖြေကြားချက် 0 ခု
ဝက်
ဖြေကြားချက် 1 ခု
အသားတိုး ၀က် ၁၀ ကောင်အတွက် ၀က်ခြံဘယ်လိုဆောက်ရမလဲ။
ဖြေကြားချက် 0 ခု
ဒေသဝက်လေးမွေးထားတာလေးလလောက်ရှိပြီအစာမစားလို့ပြန်အန်ထုပ်တာသန်ကောင်တွေပါလာတယ်ဘယ်လိုလုပ်ရမလဲကျေးဇူးပြု၍ပြောပြပေး...
ဖြေကြားချက် 1 ခု
ရေပန်းစားသော အကြောင်းအရာများ
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။