အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
205
လွန်ခဲ့သော ၅ လ က · မင်းလှ

ဆရာ ကျွန်တော် နွားမကည၁၂နာရီက အဖြူရေတွေ ကျနေတယ် ခုနေ့ခင်းလည်း ကျနေလို့ ညနေ၆နာရီက မေထုန်မဲ့နည်းနဲ့ သားစပ်လိုက်...

ဆရာ ကျွန်တော် နွားမကည၁၂နာရီက အဖြူရေတွေ ကျနေတယ် ခုနေ့ခင်းလည်း ကျနေလို့ ညနေ၆နာရီက မေထုန်မဲ့နည်းနဲ့ သားစပ်လိုက်တယ် ခုည၁၀ နာရီမှာ အဖြူရေအနည်းငယ် ကျနေလို့ ဘယ်လိုဖြစ်တာလဲ ခင်ဗျာ

မျိုးပွားခြင်း

ဖြေကြားချက် ၁ ခု

348,948 လွန်ခဲ့သော ၅ လ က
ဤအဖြေဖြင့် ပြေလည်

နွားမလေး အဖြူရည်ဆင်းတာက သားတောင်းတဲ့ သဘာဝလက္ခဏာဖြစ်လို့ မစိုးရိမ်ပါနဲ့။ မနေ့ညက စဆင်းပြီး ဒီနေ့ညနေမှာ သားစပ်လိုက်တာဟာ အချိန်ကိုက် (Timing) အတော်လေး မှန်ကန်ပါတယ်။ သားစပ်ပြီးချိန်မှာ အဖြူရည် အနည်းငယ် ဆက်ထွက်နေတာဟာ သားအိမ်ခေါင်း ပွင့်နေသေးလို့ဖြစ်ပြီး ခဏနေရင် ပြန်ရပ်သွားပါလိမ့်မယ်။ အဖြူရည်က နောက်ကျိမနေဘဲ ကြည်လင်နေတယ်ဆိုရင် အားလုံးအဆင်ပြေပါတယ်။ နောက်ထပ် (၂၁) ရက်လောက်နေရင် သားပြန်တောင်း၊ မတောင်းကိုပဲ သေချာလေး ပြန်စောင့်ကြည့်ပေးပါခင်ဗျာ။ သားအောင်ပြီး ကျန်းမာတဲ့နွားလေး ရပါစေဗျာ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။