အစိမ်းရောင်လမ်း မှစိုက်ပျိုးရေးပညာရှင်များခင်ဗျ အမှန်တကယ်တော့ သဘာဝမြေဩဇာတွေနဲ့ဓာတုမြေဩဇာတွေပေါင်းစပ်အသုံးပြုမှ...
အစိမ်းရောင်လမ်း မှစိုက်ပျိုးရေးပညာရှင်များခင်ဗျ အမှန်တကယ်တော့ သဘာဝမြေဩဇာတွေနဲ့ဓာတုမြေဩဇာတွေပေါင်းစပ်အသုံးပြုမှသာ ရေရှည်မှာအောင်မြင်မယ်ဆိုတာတော့အကြမ်းဖျဉ်းသိထားပါတယ် နွား၁ရှဉ်းလောက်ပဲရှိတဲ့တောင်သူ၁ဦးမှာ ခန့်မှန်းလှည်းဖြင့်အစီး၂၅လောက်ပဲ၁နှစ်ပတ်လုံးနေမှရတာပါ အဲဒါလေးကိုဘဲဆောင်းသစ်စိသိမ်းနွေအကူးမှာကတိုက်ကရိုက်ချရတော့နွားချေးတွေကနေပူလေတိုက်နဲ့ အဟာရလည်းမဖြစ်တော့ပါဘူး ကိုသိမ်းစိုးမင်းရဲ့ဆောင်းပါတစ်ခုမှာဂျိဗာမရူသန်ဆိုတဲ့ဆေးနည်းဖတ်ရပါတယ် ဆေး၁ပေပါကိုတစ်ဧကစာလုံလောက်တယ်လို့ဖော်ပြထားပါတယ် ပုလဲ၁လုံး၁သိန်းဝန်းကျင်၁၅ပတ်လည်၁လုံး၂သိန်းကျော်ပေးသုံးနေရတဲ့အချိန်မှာကျွန်တော်တို့အဲဒီထက်ပိုလုပ်နိုင်ပါတယ် ကျွန်တော်တို့နယ်ဘက်မှာက ကကြက်သွန်ပျိုးဖို့တူးထားတဲ့ကန်လေးတွေယာတိုင်းနီးပါးရှိပါတယ် ဂျိဗာမရူသန်ကိုအချိုးအစားများများပြုလုပ်ပြီးဆေးဖျန်းတုံကင်နဲ့ယာသီးနှံမစိုက်ခင်မှာလိုက်ဖျန်းတာမျိုးပြုလုပ်၍ရပါသလား အချိုးအစားများလို့လောင်သွားတာမျိုးဖြစ်နိုင်မလား အပင်တွေပေါ်တိုက်ရိုက်ဖျန်းလို့မရဘူးလား သုံးစွဲခါနီးမှာအခြားအဟာရတွေထပ်ထည့်လို့ရနိုင်မလား ဥပမာ ဟူးမစ်အက်ဆစ် ဖော့စဖိုးရစ်အက်ဆစ် ကြက်သွန်နီ လိုစိုက်ခင်းမျိုးမှာရေသွင်းတဲ့ခရူမှာသွင်းရေနဲ့အတူရောထည့်လို့ရနိုင်မလား မြေပဲ ဂျုံ သီးနှံမှာဘယ်လိုပုံစံနဲ့ထည့်သွင်းသုံးစွဲရမလဲ သိပါရစေ