ဖြေကြားချက် ၁ ခု
ဓာတုဗေဒမြေဩဇာ လုံးဝမသုံးဘဲ သဘာဝအတိုင်း စိုက်ပျိုးရန် ပြင်ဆင်ထားသည့်အတွက် အလွန်ကောင်းမွန်ပါတယ်။ ပါဝင်ပစ္စည်းများကို စနစ်တကျ အသုံးပြုနိုင်ရန် တစ်ဧကလျင်နွားချေးခြောက်မှုန့်(၅) စီးမှ (၁၀) စီး (မြေခံ မြေဆီလွှာအတွက်)ပါ။ မြေပွရန်နှင့် ပိုတက်စီယမ်အတွက်ဖွဲပြာ ကို (၁၀) တင်းခန့်ထည့်ပါ။ နိုက်ထရိုဂျင် အပင်ကြီးထွားရန်ပဲဖတ်မှုန့်ကို(၅) ပိဿာမှ (၁၀) ပိဿာခန့်ထည့်သွင်းပါ။ မြေပဲဥ အောင်မြင်စေရန်ဂျစ်ဆမ် (Gypsum)ကို (၁) အိတ်မှ (၂) အိတ် မဖြစ်မနေလိုအပ်လို့ ထည့်သွင်းပါ။ မစိုက်ပျိုးမီ (၁၅) ရက်အလိုမှာ နွားချေး၊ ဖွဲပြာ၊ မီးသွေးမှုန့်၊ ပဲဖတ်မှုန့်တို့ကို ရောစပ်ပြီး EM ဖျော်ရည် ဖျန်း၍ အစိုဓာတ်ဖြင့် နှပ်ထားပါ။ ၎င်းနောက် မြေပြင်ချိန်တွင် မြေထဲထည့်မွှေပါ။ ဂျစ်ဆမ်ဆင်တစ်ဝက်ကို မြေပြင်ချိန်တွင် ထည့်ပါ။ ကျန်တစ်ဝက်ကို မြေပဲပန်းပွင့်ပြီး စွယ်ဆင်းချိန် တွင် အပင်ခြေ၌ မြေဖုံးရင်း ထည့်ပေးပါ။ ငါးအမိုင်နိုအက်ဆစ်ကို အပင်ပေါက်ပြီး (၁၅) ရက်သားမှစ၍ (၁၅) ရက်တစ်ကြိမ် အရွက်ဖျန်းမြေဩဇာအဖြစ် ဖျန်းပေးပါ။
ဆက်စပ်မေးခွန်းများ
မြေပဲအထွက်တိုးအောင်ဘယ်လိုစိုက်ရမလဲ
ဖြေကြားချက် 2 ခု
ပဲစစိုက်ရင် မျိုးစေ့လူးနယ်ဆေးသုံးရင်ဘာကိုသုံးသင့်သလဲ
ဖြေကြားချက် 2 ခု
ပဲစိုက်ခင်းမှာ ခါးရိပိုး၀င်တာဘယ်လိုကုသရမှာပါလဲဗျာနောက်ပီးတော့ သဘာ၀ပိုးသတ်ဆေးနွားသေးအကြောင်းလဲပဲခင်းမှာဘယ်လို...
ဖြေကြားချက် 2 ခု
အပင်က 8ရက်သားပဲရှိပါသေးတယ် နွားသေးဖြန်လို့ရပါသလား 20လီတာ၀င်ဆေးဖြန်းပုံးတပုံးကိုနွားသေးဘယ်လောက်ဖြန်းရမလဲခင်ဗျာ...
ဖြေကြားချက် 3 ခု
မြေပဲ ပင်ထောင် နှင့် ပင်ပြန့်ကို စနှစ်တကျစိုက်ပျိုးနည်းလေးတွေရှိရင်အလင်းပြပေးကျပါလား
ဖြေကြားချက် 2 ခု