ပဲမှော်ခွံ ထင်း အမှိုက်ဆွေး မြေကြီး မကြပ် တစ်ကြပ် မီးဖုတ်တဲ့ အပုံပါ မြေသြာဇာ အဖြစ် ပြောင်လဲခြင်ပါတယ် နောက်ဘာတွေ ထည်သွင်းသင့်သလဲ စပါးအတွက် ဘယ်လို့ အချိန့် သုံးသင်းလဲ
ပဲမှော်ခွံ၊ ထင်းပြာနှင့် အမှိုက်ဆွေးတို့သည် ပိုတက်စီယမ်နှင့် ကာဗွန်ဓာတ် ကြွယ်ဝသော်လည်း စပါးပင်အစောပိုင်းကြီးထွားမှုအတွက် လိုအပ်သော နိုက်ထရိုဂျင် (Nitrogen) နှင့် ဖော့စ်ဖရပ်စ် (Phosphorus) ဓာတ်ပါဝင်မှု နည်းပါးနေပါသေးတယ်။ နိုက်ထရိုဂျင်ဓာတ် ဖြည့်တင်းရန်နှင့်အပင်ကြီးထွားနိုင်ရန် နွားချေးခြောက် (သို့မဟုတ်) ကြက်ချေးဆွေးထပ်မံထည့်သွင်းပါ။မြန်မြန်ဆွေးမြည့်ရန် အတွက် အီးအမ် (EM) ဖျော်ရည် သို့မဟုတ် ရေကိုလည်းလိုအပ်ပါတယ်။ မြေဆွေးပြုလုပ်ရန်အတွက်ပဲမှော်ခွံ၊ ထင်းပြာ/မီးသွေးမှုန့်၊ အမှိုက်ဆွေး၊ နွားချေးနှင့် မြေကြီးတို့ကို သမအောင် ရောစပ်ပါ။ရေ သို့မဟုတ် EM ဖျော်ရည်ကို အစိုဓာတ်ရရုံဖျန်းပြီး ပလတ်စတစ်ဖြင့် အုပ်၍ ၁ လခွဲမှ ၂ လခန့် နှပ်ထားပါ။စပါးအတွက် အချိန်ကိုက်အသုံးပြုရမည့်အချိန်ကစပါးမစိုက်ပျိုးမီ နောက်ဆုံးထွန်ရေးပြင်ချိန် (သမန်းပုတ်ချိန်) တွင် ထည့်ရပါမယ်။၎င်းသဘာဝမြေဆွေးများကို တစ်ဧကလျှင် တန်ဝက်ခန့် မြေပြင်ပေါ် ကြဲပက်၍ သမန်းမြေထဲသို့ တိုက်ရိုက်မွှေနှောက်ထည့်သွင်းပါ။
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ခင်ဗျ.... နှမ်းရိတ်သိမ်းပီးတော့ စပါးမလုပ်ခင်ကြားထဲ လယ်ကွင်းထဲ ဖွဲပြာချရင် လယ်ကွင်းအတွက် အာဟာအနေနဲ့ အ...
ဖြေကြားချက် 2 ခု
ထရိုင်ကိုဒါးမားက အပင်ဖျန်းရတာလား မြေဖြန်းရတာလားဗျ
ဖြေကြားချက် 2 ခု
ဘိုကာချီ အသုံးများရင့်နောက်ထပ် သဘာဝမြေသြဇာတွေ သုံးဖို မလိုတော့ဘူးလားဗျ
ဖြေကြားချက် 2 ခု
ဒီလိုမြက်မျိုးဘာဆေးနိုင်လဲခင်ဗျာ လမ်းညွန်ပေးပါဦး ပင်စည်မှာဉနဲ့မလို့ အတော်ကိုပွားလွယ်လို့ ကျွန်တော်တို့ တောင်သူ...
ဖြေကြားချက် 2 ခု
စပါးကို ဘယ်လိုစိုက်ပျိုးနည်းက ကုန်ကျစရိပ်သက်သာစေသလဲ နည်းလမ်း တခုလောက်ပြောပြပေးစေချငိပါတယ်
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။