ပဲပုတ် တစ်ဧကကို မျိုးစေ့ ၁၁ ပိဿာ သုံးမှာပါရှင့်။ ပဲပုတ်မျိုးစေ့ ကို trichoderma +Bicillus +Rhizobium သုံးမျိုးရော လူးနယ်ချင်လို့ပါရှင့်။ တစ်ဧကစာဆို ဘယ်လောက်နှုန်းထားသုံးပေးရင် အဆင်ပြေမလဲရှင့်။ ပြီးတော့ မျိုးစေ့လူးနယ်နည်းလေးပါသိချင်ပါတယ်ရှင့်
ပဲပုပ် ၁ ဧကအတွက် မျိုးစေ့ ၁၁ ပိဿာက အဆင်ပြေပါတယ်ဗျ။ ပဲပုပ် ၁ ဧကအတွက် မျိုးစေ့ ၁၁ ပိဿာကို အကျိုးပြုအဏုဇီဝဆေးများဖြင့် လူးနယ်ရာတွင် ရိုင်ဇိုဘီယမ် ၁ ထုပ် (၁၀၀ ဂရမ်)၊ ထရိုင်ခိုဒါးမားနှင့် ဘက်စိလပ်စ် ဆေးမှုန့်တို့ကို ဂရမ် ၅၀ မှ ၁၀၀ ခန့် (ဟင်းစားဇွန်း ၂ ဇွန်းစီ) နှုန်းဖြင့် အချိုးကျရောစပ်ရပါမည်။ လုပ်ဆောင်ရာတွင် ဆေးမှုန့် သုံးမျိုးလုံးကို အခြောက်အတိုင်း အရင်သမအောင်မွှေပြီးနောက် ပဲပုပ်မျိုးစေ့များပေါ်သို့ ထမင်းရည်ကို မျိုးစေ့ခွံစိုရုံမျှ ဆွတ်ဖျန်းကာ လက်ဖြင့် အသာအယာ ဖွဖွနယ်ပေးရပါမည်။ မျိုးစေ့ခွံကွာကျခြင်းမှ ကာကွယ်ရန် ရွှဲရွှဲစိုအောင် မလုပ်ရဘဲ ဆေးလူးနယ်ပြီးပါက နေရောင်ခြည်တိုက်ရိုက်မထိသော အရိပ်အောက်တွင် ၃၀ မိနစ်မှ ၁ နာရီခန့် အခြောက်လှန်းပြီးမှ မြေစိုတွင် အမြန်ဆုံး စိုက်ပျိုးရပါမည်။ ဤဆေးများသည် သက်ရှိပိုးများဖြစ်သဖြင့် ဓာတုပိုးသတ်ဆေး၊ မှိုသတ်ဆေးများနှင့် ရောစပ်ခြင်း လုံးဝမပြုလုပ်ရပါ။
ဆက်စပ်မေးခွန်းများ
ငါးအမိုင်နိုအက်စစ်နဲ့မြေပဲဖတ်နှင့်ပြုလုပ်ထားသောအမိုင်နိုအက်စစ်တို့ရဲ့ပါဝင်တဲ့အဟာရဓာတ်ကွာခြားချက်နှင့်အကျိုးပြု...
ဖြေကြားချက် 1 ခု
နောင်ချိုမြို့နယ်မှာ မိုးဦးအတွက် ဆီပဲပုတ် ရေဆင်းမျိုးတွေစိုက်ချင်လို့ ဘယ်မှယ်လို့ရနိုင်လဲ လမ်းညွှန်ပေးကြပါ...
ဖြေကြားချက် 1 ခု
ပဲပုပ်အပင်စိပ်သွားလို့အပွင့်နည်းနေတာလားရှင့်
ဖြေကြားချက် 8 ခု
ပဲပုပ် စိုက်ခင်းထဲကို ပိုက်ဆံလျှော် ကျဲပြီး သစ်စိမ်းမြေဩဇာအဖြစ်သုံးချင်ပါတယ်ရှင့်။ ပဲပုပ်ခင်းရဲ့ ပင်ကြားတန်း...
ဖြေကြားချက် 4 ခု
trichoderma+Bicillus +Rhizobium သုံးမျိုး လူးနယ်ထားတဲ့မျိုးစေ့ပါရှင့်။ မိုးရွာလို့ စိုက်ရက် တစ်ရက်ကျော်သွားပါ...
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။