အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
15
လွန်ခဲ့သော ၃ လ က · တိုက်ကြီး

ဒူးရင်းပျိုးပင် စစိုက်ချင်ပါတယ်။ ပျိုးပင်​မြေချချိန်မှာ ဘယ်လို​ဆေးမျိုးသုံးသင့်ပါသလဲ။

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၁ နှစ်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အမြစ်
ရာသီဥတု (တစ်ပတ်အတွင်း)
အသင့်တင့် တိမ်ထူထပ်ပြီး မိုးရွာ
စိုက်ပျိုး ဗဟုသုတ ဒူးရင်းသီး ဒူးရင်းပင်စိုက်ပျိုးပြုစုခြင်း
Post image

ဖြေကြားချက် ၁ ခု

348,301 လွန်ခဲ့သော ၃ လ က

ဒူးရင်းပျိုးပင် မြေချစိုက်ပျိုးချိန်တွင် အဓိကကျရောက်တတ်သော မြစ်ပုပ်၊ ပင်စည်ပုပ်ရောဂါကို ကာကွယ်ရန် စိုက်ကျင်းထဲ၌ တိုင်ခိုဒါးမား (Trichoderma) ကဲ့သို့သော အကျိုးပြုမှိုသတ်ဆေးကို မြေဆီလွှာနှင့် ရောစပ်ပေးရပါမည်။ ထို့ပြင် မြေအောင်းဖျက်ပိုးနှင့် ခြများရန်မှ ကာကွယ်ရန် ပင်လုံးပျံ့ပိုးသတ်ဆေးအခဲကို ထည့်သွင်းပေးရမည်ဖြစ်ပြီး၊ ပျိုးပင်မြေချပြီးနောက် အမြစ်သစ်များ လျင်မြန်စွာထွက်ရှိစေရန်နှင့် အပင်နာသက်သာစေရန် (အမြစ်လှုံ့ဆော်ဆေးများ) ဥပမာ- မော်ရယ်မုန်းလ် ကို ရေဖျော်၍ အပင်ခြေနှင့်အရွက် ဖျန်းပေးရပါမယ်။ စိုက်ကျင်းအတွင်း ဓာတ်မြေဩဇာများ တိုက်ရိုက်ထည့်ခြင်းကို အမြစ်လောင်နိုင်သဖြင့် အထူးရှောင်ကြဉ်ရပါမယ်ခင်ဗျာ။ပိုးကျရောက်လေ့မရှိဘူးဆိုရင်ပိုးသတ်ဆေးအခဲထည့်သွင်းစရာမလိုပါဘူး။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။