ဖြေကြားချက် ၁ ခု
ရော်ဘာအရွက်ခြောက်များကို မြေဆွေး ပြုလုပ်ရာတွင် ကောင်းမွန်စွာ အသုံးပြုနိုင်ပါတယ်။ ရော်ဘာရွက်များသည် အော်ဂဲနစ်ဒြပ်ပစ္စည်းနှင့် ကာဗွန်ဓာတ် ကြွယ်ဝသော်လည်း ၎င်းတို့တွင် ပါဝင်သော ဖယောင်းသားအလွှာကြောင့် သမရိုးကျအတိုင်း ထားရှိပါက ဆွေးမြည့်ရန် အလွန်အချိန်ကြာတတ်ပါသည်။ ထို့ကြောင့် အရွက်များကို အပိုင်းပိုင်း ညှပ်ပေးခြင်း သို့မဟုတ် အမှုန့်ခြေပေးခြင်းဖြင့် ဆွေးမြည့်မှုကို မြန်ဆန်စေနိုင်ပါသည်။ ထို့ပြင် အရွက်ခြောက်များတွင် နိုက်ထရိုဂျင်ဓာတ် အားနည်းသောကြောင့် တိရစ္ဆာန်ချေး (နွားချေး၊ ကြက်ချေး) ဖြင့်အချိုးကျရောစပ်ပေးရန် လိုအပ်ပြီး၊ စိုထိုင်းဆမှန်ကန်စွာ ထိန်းသိမ်းပေးခြင်းဖြင့် အရည်အသွေးမြင့် သဘာဝမြေဆွေးကို ရရှိနိုင်ပါတယ်ခင်ဗျာ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဒူးရင်းပျိုးပင် စစိုက်ချင်ပါတယ်။ ပျိုးပင်မြေချချိန်မှာ ဘယ်လိုဆေးမျိုးသုံးသင့်ပါသလဲ။
ဖြေကြားချက် 1 ခု
ကုသနည်းလေးသိချင်ပါသည်
ဖြေကြားချက် 3 ခု
ဘာဆေးသုံးရမလဲ်ါ
ဖြေကြားချက် 2 ခု
ဒူရင်းပင်စစိုက်ခါစမှာဒီလိုအပေါက်လေးတွေပေါက်နေတာအရွှက်နုတွေမှာရောအရွှက်ရင့်မှာပါပေါက်နေတာဘာအကောင့်ကြောင့်ဘာဆေး...
ဖြေကြားချက် 2 ခု
em ရယ် ငါးအမိုင်နိုအက်ဆစ်ရယ် ကြက်ဥုအခွံရှာလကာရည်စိမ်ရယ် အပင်အတွက်အားလုံးရောပီးဖျန်းလို့ရနိုင်မလားခင်ဗျာ။ကျေး...
ဖြေကြားချက် 3 ခု