မဂ်လာပါရှင့်လယ်တွေမှာပေါက်လေ့ရှိတဲ့ဒေသအခေါ်မြက်ကလုံးပင်တွေကိုဘယ်လိုဆေးမျိုးဖျန်းလို့ရလဲရှင့်မြေဩဇာဆိုရင်ဘယ်လိုမြေဩဇာမျိုးသုံးသင့်လဲရှင့် စပါးပင်တွေနဲ့အပြိုင်ပေါက်နေလို့ပါရှင့်
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
ပေါင်းမြက်ပင်ပေါ်အောင်ရေထုတ်ပြီးဖျန်းမှ ပေါင်းသတ်ဆေးကပေါင်းပင်ကို ဖျန်းမိပြီး ဆေးထိရောက်မှုကောင်းမှာပါခင်ဗျာ။ပေါင်းပင်မပေါ်ဘဲ ဆေးဖျန်းရင်တော့ ထိရောက်မှာမဟုတ်ပါဘူး။အကယ်၍ ရေထုတ်ရန်မဖြစ်နိုင်ဘဲ ခြေသလုံးတစ်ဝက်ခန့် ရေအမြဲရှိနေသော စပါးခင်း အခြေအနေမျိုးတွင် ရေမှတစ်ဆင့် ပျံ့နှံ့အာနိသင်ရှိသော ပိုင်ရာဇိုဆာဖူရွန်-အီသိုင်း (Pyrazosulfuron-ethyl) နှင့် ပန်နော့ခ်ဆူလန် (Penoxsulam) ပါဝင်သော ဆေးဝါးများကို ရွေးချယ်ရပါမည်။ ဆေးဖျန်းသည့်အခါ လယ်ကွင်းအတွင်း ရေငြိမ်နေရန် အထူးလိုအပ်ပြီး ရေစီးဆင်းနေပါက ဆေးအာနိသင် လျော့နည်းသွားတတ်ပါသည်။ ဆေးဖျန်းပြီးနောက် အနည်းဆုံး (၅) ရက်ခန့် ရေကို ငြိမ်အောင် ထိန်းထားပေးရပါမည်။ရေငြိမ်အောင်လည်းမထိန်းနိုင်၊ ပေါင်းပင်ပေါ် အောင်ရေထုတ်ပြီးလည်းမဖျန်းနိုင်ဆိုရင်တော့ ဆေးထိရောက်မှု လုံးဝမရှိတာမျိုးဖြစ်သွားနိုင်ပါတယ်ခင်ဗျာ။ ဤအဖြေဖြင့်ပြေလည်သည် သတ်မှတ်ပေးနိုင်ပါတယ်ခင်ဗျာ။
စပါးခင်းအတွင်း စပါးပင်နှင့် အာဟာရလုယူပြီး အထွက်နှုန်းကို ၄၀% ကျော် ကျဆင်းစေနိုင်သည့် မြက်ကလုံးကို နှိမ်နင်းရန် စပါးသက်တမ်းအလိုက် ဆေးရွေးချယ်ရပါမည်။ အပင်မပေါက်မီ (၁-၃ ရက်အတွင်း) ဘူတာကလို (Butachlaor) သို့မဟုတ် ပရက်တီလာကလို(Pretichlaor)ကို သုံးနိုင်ပြီး၊ အပင်ပေါက်ပြီး (၈-၁၅ ရက်) တွင် ဘစ်စပိုင်ရီဘက် ဆိုဒီယမ်(Bispyribac sodium)၊ သက်တမ်း (၁၅-၂၅ ရက်) တွင် ဖီနိုဆာပရော့ပ်-ပီ-အီသိုင်း(Fenoxaprop -P-ethyl)ကို အသုံးပြုရပါမယ်။ ဆေးမဖျန်းမီ လယ်ကွင်းထဲမှ ရေကို ကုန်အောင် ထုတ်ထားရမည်ဖြစ်ပြီး၊ ဆေးဖျန်းပြီး (၁-၂) ရက်တွင် ပေါင်းပင်များ ထပ်မပေါက်နိုင်စေရန် ရေပြန်သွင်း၍ (၅-၁၀) စင်တီမီတာအနက်ဖြင့် (၇-၁၀) ရက်ခန့် ရေ လှောင်ထားရပါမည်။ ဆေးဖျန်းပြီး/မဖျန်းမီ (၇) ရက်အတွင်း မြေသြဇာကျွေးခြင်းကို ရှောင်ကြဉ်ရပါမည်။
ဆက်စပ်မေးခွန်းများ
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
ဖြေကြားချက် 2 ခု
နှမ်းအပီး စပါးစိုက်ချိန် မတိုင်မီ မြေဆီလွှာ ကို ဂျစ်ပဆန်ကျောက်မှုန့် နဲ့ စက်ဖွဲပြာ နှစ်မျိုးလုံး ချသင့် မသင့်...
ဖြေကြားချက် 1 ခု
စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ဘက်မှာ နွေစပါးမျိုး နယူဧရာ11,GW11, GW18 တို့စိုက်ပျိုးရင် ရေမြေဒေသအဆင်ပြေနိုင်...
ဖြေကြားချက် 1 ခု
အစေ့ချစိုက်ဘယ်ရက်သားလောက်မှရွေးချက်ပေါင်းသတ်ဆေးဖြန်းသင့်သလဲသိချင်ပါတယ်ဆရာ
ဖြေကြားချက် 1 ခု
စပါး နိုက်ထရိုဂျင်ကျွေးတဲ့အခါတစ်ဧကဘယ်လောက်ကျွေးရမလဲ ဘယ်လိုကျွေးရမလဲ သိချင်ပါတယ်ရှင်ပြပေးပါဦဆရာ
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။