ဖြေကြားချက် ၁ ခု
သက်တမ်း ၅ လရှိသော သက်ကြီးစပါးအတွက် နိုက်ထရိုဂျင်မြေဩဇာ (ယူရီးယား) ကို တစ်ကြိမ်တည်း အများအပြားမကျွေးဘဲ ၃ ကြိမ် ခွဲကျွေးရပါမယ်။ ယခု ၁၉ ရက်သားသည် ပထမအကြိမ် ပင်ပွားစည်းချိန် (ရက် ၂၀-၂၅) နှင့် ကိုက်ညီသဖြင့် စတင်ကျွေးနိုင်ပြီး၊ နောက်ပိုင်းတွင် မှို့ကပ်ချိန် (ရက် ၆၅-၇၀) နှင့် ဖုံးလုံးချိန် (ရက် ၈၅-၉၀) တို့တွင် ထပ်မံခွဲကျွေးရပါမည်။ စပါးခွံပြာသည် စပါးပင်ကို သန်မာစေပြီး ပိုးမွှားဒဏ်ခံနိုင်ရည်တိုးစေသည့် ဆီလီကာဓာတ်နှင့် အစေ့အောင်စေသော ပိုတက်စီယမ်ဓာတ်တို့ ကြွယ်ဝစွာပါဝင်သဖြင့် မြေပြင်ချိန် သို့မဟုတ် နောက်ဆုံးထွန်မွှေချိန်တွင် တစ်ဧကလျှင် ၁၅ တင်းမှ တင်း ၂၀ ခန့်အထိ မြေဆီလွှာပြုပြင်ရန် ထည့်သွင်းအသုံးပြုသင့်ပါတယ်ခင်ဗျာ။
ဆက်စပ်မေးခွန်းများ
နိုက်ထရိုဂျင်ကျွေးတဲ့အခါ သဘဝမြေသြဇာဖြစ်တဲ့ နွားချေး သစ်ဆွေး မြေးဆွေး ကြက်ချေးတို့နဲ့ဆတူရောပြီးကျွေးရင်အဆင်ပြေ...
ဖြေကြားချက် 2 ခု
စပါး နိုက်ထရိုဂျင်ကျွေးတဲ့အခါတစ်ဧကဘယ်လောက်ကျွေးရမလဲ ဘယ်လိုကျွေးရမလဲ သိချင်ပါတယ်ရှင်ပြပေးပါဦဆရာ
ဖြေကြားချက် 1 ခု
အစေ့ချစိုက်ဘယ်ရက်သားလောက်မှရွေးချက်ပေါင်းသတ်ဆေးဖြန်းသင့်သလဲသိချင်ပါတယ်ဆရာ
ဖြေကြားချက် 1 ခု
Mepiquat Chlorideကို စပါး အပင် အရမ်းထပြီး လဲကျမှာ ဆိုးလို့ ဖုံးတုံးလုံးတုံးဖြစ်နေချိန် ဖျန်းသင့်လား။ (ဖြေကြား...
ဖြေကြားချက် 3 ခု
ဖွကွေားခကျြ 2 ခု