ဒီလိုစပါးခွံမီးသွေးကို ကြက်မောက်ပင်ခြေမှာဖြစ်စေ ဒူးရင်းပင်ခြေမှာဖြစ် ၁၅ပတ်လည်နှင့်ရောပီးကျွေးလို့ရလား ဆရာသမားတို့
- မြေသြဇာ ကျွေးထား/မထား
- မကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
- အပင်သက်တမ်း
- ၃၆၀ ရက်
- ရာသီဥတု (တစ်ပတ်အတွင်း)
- နေရာကွက်ကျားမိုးရွာ
စပါးခွံမီးသွေးကို နှမ်းဖတ်နှင့် ရောစပ်ကျွေးခြင်းသည် အလွန်အဆင်ပြေပြီး အပင်အတွက် ပိုမိုကောင်းမွန်သော နည်းလမ်းဖြစ်ပါတယ်။ နှမ်းဖတ်တွင် နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်နှင့် ပိုတက်စီယမ် အာဟာရဓာတ်များ ကြွယ်ဝစွာ ပါဝင်သဖြင့် စပါးခွံမီးသွေး၏ အာဟာရဓာတ် စုပ်ယူတတ်သည့် သဘောသဘာဝကို အားဖြည့်ပေးနိုင်ပြီး ဓာတ်မြေဩဇာ သုံးစွဲမှုကို လျှော့ချပေးနိုင်ပါတယ်။ စပါးခွံမီးသွေး၊ နှမ်းဖတ်မှုန့်နှင့် ၁၅ ပတ်လည် ဓာတ်မြေဩဇာတို့ကို မိမိစိတ်ကြိုက်သင့်တော်သော အချိုးအစားဖြင့် သမအောင် ရောစပ်ကာ အပင်ခြေတွင် ကျွေးပေးခြင်းဖြင့် ဒူးရင်းနှင့် ကြက်မောက်ပင်များ၏ အမြစ်စနစ်ကို ဖွံ့ဖြိုးစေပြီး အပင်ကို လျင်မြန်စွာ ကြီးထွားစေနိုင်ပါတယ်။အချိုးအစားဥပမာအားဖြင့်စပါးခွံမီးသွေး (၃) ဆ၊ နှမ်းဖတ်မှုန့် (၁) ဆ၊ ၁၅ ပတ်လည် ဓာတ်မြေဩဇာ (လက်တစ်ဆုပ်ခန့်) အချိုးကို စံနမူနာထားခြင်းဖြင့် ရောစပ်ရပါမယ်။နှမ်းဖတ်ကို အမှုန့်ကြိတ်၍ စပါးခွံမီးသွေးနှင့် ရောစပ်ပြီး မြေကြီးထဲ ထည့်သွင်းရပါမယ်။ကျွေးပြီးနောက် မြေတွင်းအပူချိန် လျော့ကျစေရန် ရေကို ဝဝလင်လင် လောင်းပေးရပါမယ်ခင်ဗျာ။
စပါးခွံမီးသွေးကို ကြက်မောက်ပင်နှင့် ဒူးရင်းပင်များ၏ အပင်ခြေတွင် ကျွေးပေးခြင်းသည် မြေဆီလွှာကို ပွစောင်းစေပြီး အမြစ်မပုပ်အောင် ကာကွယ်ပေးနိုင်သောကြောင့် အလွန်အကျိုးရှိပါသည်။ သို့သော် စပါးခွံမီးသွေးသည် ကနဦးတွင် အာဟာရဓာတ်များကို စုပ်ယူတတ်သည့် သဘောရှိသဖြင့် ၁၅ ပတ်လည် ဓာတ်မြေဩဇာတစ်ခုတည်းနှင့် တိုက်ရိုက်ရောကျွေးခြင်းထက် နွားချေး သို့မဟုတ် မြေဆွေး ကဲ့သို့သော အော်ဂဲနစ်မြေဩဇာများနှင့် သမအောင် အရင်ရောစပ် ပြီးမှ၊ ၁၅ ပတ်လည်ကို ပေါင်းစပ်ကာ အပင်၏ ပတ်လည်တွင် မြေကျင်းတူး၍ ကျွေးပေးသင့်ပါတယ်ခင်ဗျာ။စပါးခွံမီးသွေးက လောင်ကျွမ်းမှုလေးနည်းသလိုပဲဗျ၊ ဆွေးမြည့်မှုမလွယ်မှာစိုးရိမ်လို့ပါခင်ဗျာ။
ဆက်စပ်မေးခွန်းများ
ဒီသဘာဝမြေဆွေးကိုကြက်မောက်အပင်ငယ်စိုက်ထားတာတစ်နှစ်ရှိပါပီ ကြွေးရင် တစ်ပင်ကို ဘယ်လောက်ထည့်ရမလဲ ဆရာတို့
ဖြေကြားချက် 3 ခု
ကြက်မောက်ပင်အရွက်ဖြူဝါရောင်ဖြစ်နေတာဘာဖြစ်လို့လဲ၊ဘာတွေလိုအပ်နေတာလဲ တစ်နှစ်သားလေးပါဗျ
ဖြေကြားချက် 1 ခု
(3)နှစ် ကျော်ကျော်လောက် ရှိနေပြီဗျ အသီးလည်း မသီးသေးဘူး သီးတဲ့အပင်တွေလည်း အသီးကသေးတယ် တစ်ချို့အပင်က အသီးမသီးသေး...
ဖြေကြားချက် 1 ခု
စပါးခွံမီသွေးပြာများသည်ရေစိုသွားလို့ရှိရင်အပင်ရင်းမှာအစာအဖြင့်ကျွေးရင်အာနိသင်ပြောက်သွားပါသလား ကျွေးလို့ကောရသေး...
ဖြေကြားချက် 1 ခု
ဒီနွားနို့အခြင်ဖောက်ရည်နှင့် ငါးအမိုင်နိုပြုလုပ်တဲ့အထဲမှာရောထည့်လို့ရလား ထည့်လို့ရရင် ငါးတပိဿာမှာဘယ်လောက်ထည့်...
ဖြေကြားချက် 3 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။