အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Soe Myat Min
Soe Myat Min 39
လွန်ခဲ့သော ၃ လ က · ဝမ်းတွင်း

ငရုပ်သီးကို ကုန်ကြမ်းကနေကုန်ချောဖြစ်ဖို့ကိုဘလိုအရာတေကိုလုပ်ဆောင်သင့်လဲဗျ ကိုယ်ပိုင်ထုပ်လုပ်ချင်လို့ပါ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၈၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အရွက်
ရာသီဥတု (တစ်ပတ်အတွင်း)
အသင့်တင့် နေသာပြီး မိုးရွာ
တန်ဘိုးမြှင့်ထုတ်ကုန် ငရုတ်သီး
Post image
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 353,176 လွန်ခဲ့သော ၃ လ က

ငရုတ်သီးကုန်ကြမ်းကို ကိုယ်ပိုင်တန်ဖိုးမြှင့်ကုန်ချောအဖြစ် ပြောင်းလဲရန် ပထမဆုံးအနေဖြင့် ဈေးကွက်ဝယ်လိုအားရှိမည့် ကုန်ချောပုံစံ (အမှုန့်၊ ဆော့စ်၊ ဆီချက်) ကို အတိအကျ ရွေးချယ်ရပါမယ်။ ထို့နောက် မှိုကင်းစင်ပြီး ပိုးသတ်ဆေးဓာတ်ကြွင်းမရှိသော GAP စံမီ ကုန်ကြမ်းများကို စနစ်တကျ ရွေးချယ်ကာ၊ အရောင်နှင့် အရသာ စံချိန်မီစေရန် သီးနှံအခြောက်ခံစက် သို့မဟုတ် အနှစ်ကြိတ်စက်ကဲ့သို့ စက်ကိရိယာများကို အသုံးပြုရပါမယ်။ ထုတ်ကုန်ကို ရေရှည်အထားခံစေရန် လေလုံသော အလူမီနီယံအိတ် (သို့) ဖန်ပုလင်းများဖြင့် သပ်ရပ်စွာ ထုပ်ပိုးပြီး၊ စားသုံးသူယုံကြည်မှုရရှိစေရန် FDA ထောက်ခံချက်နှင့် ကိုယ်ပိုင်ကုန်အမှတ်တံဆိပ် တပ်ဆင်ကာ လူမှုကွန်ရက်နှင့် ဒေသတွင်းကုန်တိုက်များမှတစ်ဆင့် ဈေးကွက်ဖြန့်ချိရပါမယ်ခင်ဗျာ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။