23ရက်သား အပင်ပေါက်ကျဲလား အပင်သေးလား အပင်ပေါက်ညီသလားလို့
ပုံပါ ၂၃ ရက်သား အစာစပ်ပြောင်းခင်းသည် စိုက်ပျိုးရေးအမြင်အရ ခြုံငုံကြည့်လျှင် အပင်ပေါက်နှုန်း အလွန်ကောင်းမွန်ပြီး စံနှုန်းအတွင်း ရှိနေပါတယ်။ အပင်ပေါက် ကျဲခြင်းမရှိဘဲ တစ်ပြေးညီ ညီညာစွာ ထွက်ရှိနေသည့်အပြင် အပင်များ၏ သက်တမ်းအလိုက် ကြီးထွားမှုမှာလည်း သေးမနေဘဲ ပုံမှန်အတိုင်း အားကောင်းလျက် ရှိပါတယ်။ သို့သော် ဤအဆင့်သည် အပင်အရှိန်အဟုန်ဖြင့် ကြီးထွားတော့မည့် အချိန်ဖြစ်သဖြင့် အတန်းကြားရှိ ပေါင်းမြက်များကို အမြန်ဆုံးနှိမ်နင်းရန်၊ အမြစ်လေဝင်လေထွက်ကောင်းစေရန် မြေဆွပေးရန်နှင့် နိုက်ထရိုဂျင် (ယူရီးယား) မြေဩဇာကို စနစ်တကျ ပံ့ပိုးပေးရန် လိုအပ်ပါတယ်ခင်ဗျာ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
အစာစပ်ပြောင်းစိုက်ထားတာ 25မြောင်းရတယ် တစ်တန်းကို ငမြောင်တောင်ကိုက်တာ 8ပင်လောက်ပါတယ် ပိုးကျရာခိုင်နှုန်းကျ ဘယ်...
ဖြေကြားချက် 1 ခု
ပေါင်းသတ်ဆေးလောင်တာလား
ဖြေကြားချက် 3 ခု
ဘာဓါတ်ချို့တဲ့ အစာစပ်ပြောင်း
ဖြေကြားချက် 3 ခု
စိုက်ခင်းရဲ့သုံးသပ်ချက်သိချင်
ဖြေကြားချက် 2 ခု
ဒီအခင်းရော သုံးသပ်ေပးပါ
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။