ဖြေကြားချက် ၁ ခု
အညာသားစပါးမျိုးကို Drum Seeder (မျိုးစေ့ချကိရိယာ) ဖြင့် စိုက်ပျိုးရာတွင် အဓိကသော့ချက်မှာ သမန်းအထူးညီညာရန်နှင့် ရေစီမံခန့်ခွဲမှု စနစ်ကျရန် ဖြစ်ပါတယ်။ မျိုးစေ့ကို အညှောက်စွန်းရုံ (၂၄ နာရီရေစိမ်၊ ၂၄ နာရီအုပ်) သာ ဖောက်ပြီး အရိပ်ထဲ လေပြသလပ်၍ ကိရိယာဖြင့် လိုင်းဆွဲစိုက်ပျိုးရပါမယ်။ စိုက်ပြီး ပထမ (၃) ရက်တွင် ရေလုံးဝမသွင်းဘဲ မြေစိုရုံသာ ထားရှိကာ (၁) ရက်မှ (၃) ရက်အတွင်း ပေါင်းအုပ်ဆေး ကြိုဖျန်းရပါမယ်။ မြေဩဇာ သုံးစွဲမှုအနေဖြင့် တစ်ဧကလျှင် သဘာဝမြေဩဇာ (နွားချေး) လှည်း ၅ စီးခန့်နှင့်အတူ ဓာတ်မြေဩဇာအဖြစ် မြေပြင်ချိန်တွင် တီစူပါ အိတ်ဝက်နှင့် ပိုတက်ရှ် အိတ်ဝက်၊ အပင်ပွားချိန်တွင် ပုလဲ အိတ်ဝက်၊ စပါးမှို့ကပ်ချိန်တွင် ပုလဲ အိတ်ဝက်နှင့် ပိုတက်ရှ် အိတ်ဝက်တို့ကို အချိန်ကိုက် ခွဲကျွေးခြင်းဖြင့် စပါးအထွက်နှုန်းကို အမြင့်ဆုံး ရရှိစေနိုင်ပါလိမ့်မယ်ခင်ဗျာ။
ဆက်စပ်မေးခွန်းများ
အဲ့ အမျိုးအစား မြတ်သတ်ဆေး သိလိုပါသည် ပြောပြပေးပါ
ဖြေကြားချက် 1 ခု
စပါးခင်းထဲဘဲစာမြက်ကိုဘယ်ဆေးAIနဲ့ဖြေရှင်းရမလဲ သိတဲ့သူများဖြေပေးပါနော်
ဖြေကြားချက် 3 ခု
စပါးကြားထဲတွင် တတ်ပွတ် ကို စပါးပင်လည်းမထိဆအာင် ဘယ်Aiနက်ရှင်းလည်းခင်ဗျ
ဖြေကြားချက် 1 ခု
ခရုသတ်ဆေး ခရုဘုရင်က အဘာမက်တင်နဲ့ရောဖျန်းရတယ်ပြောတယ်ဆေးဆိုင်က ဟုတ်ပါသလားဆရာကြီးခင်ဗျ နောက်ပြီးဆေးဖျန်းရင် လယ်ထဲ...
ဖြေကြားချက် 3 ခု
ဆရာကြီးများခဗျာ စပါးကိုအချိုမုန့်တဧကတစ်အိမ်ဓာတ်ဆားကျဲသလိုပက်ကြဲလို့ရလားဆရာကြီး
ဖြေကြားချက် 1 ခု