အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
Win Moe Kyaw
Win Moe Kyaw 24
လွန်ခဲ့သော ၃ လ က · စလင်း

ပဲတီစိမ်းနဲ့ပဲစင်ငုံတွဲစိုက်ထားပါတယ် ၂၀ရက်သားရှိပါပြီ သုံးလို့ရမဲ့ပေါင်းသတ်ဆေးပြောပေးပါ

စိုက်ပျိုး ဗဟုသုတ ပဲတီစိမ်း
2

ဖြေကြားချက် ၂ ခု

သော်ဇင်
သော်ဇင် 353,516 လွန်ခဲ့သော ၃ လ က
ဤအဖြေဖြင့် ပြေလည်

ပဲတီစိမ်းနှင့် ပဲစင်းငုံ တွဲဖက်စိုက်ခင်း သက်တမ်း ၂၀ ရက်ဝန်းကျင်တွင် ပေါက်ရောက်လေ့ရှိသော ပေါင်းမြက်များကို နှိမ်နင်းရန်အတွက် အရွက်ထွက်ပြီးမှဖျန်းသည့် ပင်လုံးပျံ့ ပေါင်းသတ်ဆေးများကို ရွေးချယ်အသုံးပြုရပါမည်။ ရွက်ပြန့်နှင့် မြက်မျိုးရင်းဝင် ပေါင်းမြက်နှစ်မျိုးစလုံးကို နှိမ်နင်းလိုပါက အီမက်ဇီသပြာ (Imazethapyr 10% SL) ဆေးကို အသုံးပြုနိုင်ပြီး၊ အကယ်၍ စိုက်ခင်းအတွင်း မြက်ရွက်ကျဉ်းများကိုသာ ရွေးချယ်နှိမ်နင်းလိုပါက ကွီဇာလိုဖော့-ပီ-အီသိုင်း (Quizalofop-p-ethyl 5% EC) ဆေးကို သုံးစွဲနိုင်သည်။ ဆေးဖျန်းရာတွင် မြေဆီလွှာ၌ အစိုဓာတ် လုံလောက်စွာ ရှိနေရန် လိုအပ်ပြီး ဆေးဘူးပါ ညွှန်းစာအတိုင်း တိကျစွာ လိုက်နာဖျန်းပက်ရန် လိုအပ်ပါသည်။

Sai Aung
Sai Aung 331 လွန်ခဲ့သော ၃ လ က

ဘာပေါင်းသတ်ဆေးသုံးရင်ကောင်းလဲ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။