အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
U Htun Myint
U Htun Myint 30
လွန်ခဲ့သော ၂ လ က · တံတားဦး

မြေပဲ စိုက်ပျိုးဖို့ အတွက် မြေဆွေးလုပ်နည်း သိချင်ပါတယ် ၊ လှည် ၅ စီစာလောက် အစမ်းလုပ်ချင်တာ ၊ သိထားတဲ့လုပ်နည်းကမှားသွားမှာစိုးလို့ပါ

မြေဆီလွှာ မြေပဲ

ဖြေကြားချက် ၅ ခု

သော်ဇင်
သော်ဇင် 353,140 လွန်ခဲ့သော ၂ လ က

ဒီဆောင်းပါးတွေမှာအသေးစိတ်လေ့လာကြည့်ပါဦး

သော်ဇင်
သော်ဇင် 353,140 လွန်ခဲ့သော ၂ လ က

မြေပဲစိုက်ပျိုးရန် မြေဆွေး ပြုလုပ်ရာတွင် ကာဗွန်ဓာတ်ကြွယ်ဝသော အညိုရောင်ပစ္စည်းများ (ကောက်ရိုး၊ နှမ်းရိုးခြောက်) နှင့် နိုက်ထရိုဂျင်ဓာတ်ကြွယ်ဝသော အစိမ်းရောင်ပစ္စည်းများ (နွားချေး၊ ကြက်ချေး၊ မြက်စိမ်း) ကို အချိုးကျ မျှတစွာ သုံးရပါမယ်။ အရိပ်ရပြီး ရေမဝပ်သော နေရာတွင် အလျား ၆ ပေ၊ အနံ ၃ ပေ ရှိသော အခြေခံအလွှာကို ကောက်ရိုးဖြင့် ၆ လက်မအထူ ခင်းရပါမည်။ ထို့နောက် ဆွေးမြေ့မှု မြန်ဆန်စေရန် အီးအမ် (EM) နှင့် တင်လဲရည် ရောစပ်ထားသော ဖျော်ရည်ကို အစိုဓာတ်ရရုံ ပက်ဖြန်းပြီး အပေါ်မှ နွားချေးနှင့် မြေကြီးကို ပါးပါး ဖြူးပေးရပါမည်။ ဤနည်းအတိုင်း အမြင့် ၃ ပေ ရသည်အထိ အလွှာများ ထပ်ဆင့်ပုံပြီးလျှင် အစိုဓာတ် ထိန်းရန်အတွက် ပလပ်စတစ် အိတ်ဖြင့် လုံအောင် ဖုံးအုပ်ထားရပါမည်။ မြေဆွေးပုံအတွင်း အပူချိန် မျှတစေရန်နှင့် လေဝင်လေထွက် ကောင်းစေရန် ၁၀ ရက်တစ်ကြိမ် အထက်အောက် လှန်ပေးရမည်ဖြစ်ပြီး၊ ၂ လမှ ၃ လအကြာတွင် အမည်းရောင်ပြောင်းလာပါက မြေပဲစိုက်ခင်းတွင် တစ်ဧကလျှင် ၂ တန်မှ ၅ တန်အထိ စတင် ထည့်သွင်းအသုံးပြုနိုင်ပါတယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

မြေပဲ..အညာဒေသခေါ်ပင်ထောင်ကို.ရက်40မှာဘောင်တင်ရင်စွယ်ခြတာထိခိုက်နိင်လား

ဖြေကြားချက် 1 ခု

မြေပဲကို.ငါးအမိုင်နိုနဲ့လက်ချားရွက်ဖျန်းထဲကိုတမာပိုးသတ်ဆေးထည့်ပတ်လို့အဆင်ပြေနိင်လားဗျ.ငါအမိုင်နိုမှာပါတဲ့အနုဇိ...

ဖြေကြားချက် 1 ခု

မြေပဲပင်ရဲ့အောက်ခြေရင်းမှာဒီလိုဖြစ်ရင် အပင်ကညိုးပြီး ခြောက်သွာတယ် ဘာဆေးများဖြုန်းရင်ကောင်းမှာလဲမသိ ဆရာတို့ခင်...

ဖြေကြားချက် 2 ခု

မြေပဲစွယ်ချချိန်မှာ.ကယ်(လ်)စိပလပ်(စ်)...သူမှာပါတဲ့အချိုးက...ကယ်စိယမ်5:0%.မဂ္ဂနိဆိယမ်3:0%..ဘိုရွန်.0:5%အဲဒါပတ်...

ဖြေကြားချက် 2 ခု

ရွက်ဖျန်းဆေး ဖော့စဖိတ်နဲ့ကယ်ဆီယမ် ရောဖျန်းတဲ့အခါမှာ ဆေးခဲပြီး အာနိသင်ရော့တယ်ဆိုတာ ဟုတ်ပါသလား ဆရာ။

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။