ဆရာခင်ဗျ Jul 16 ရက်နေ့က မြေချထားတဲ့အပင်လေးတွေ အလိုလေးတေ ၉ပင် ၁၀ ပင်လောက် တွေ့နေရလို့ဗျ ကြည့်ပေးပါအူးဆျာ မိုးမရွာလို့ ရေအမြဲလောင်းပေးနေရတယ်ဆျာ
ပုံပါ ခရမ်းချဉ်အပင်ငယ်များတွင် ဖြစ်ပွားနေသော ရောဂါမှာ မြေဆောင်မှိုများကြောင့် ဖြစ်ရသည့် ခါးရိရောဂါ (Damping-off Disease) ဖြစ်ပါတယ်။ မိုးမရွာသဖြင့် အပင်ခြေကို ရေအမြဲလောင်းပေးရာမှ ရေဝပ်ခြင်းနှင့် အစိုဓာတ်လွန်ကဲခြင်းတို့ကြောင့် မှိုပိုးများ ပိုမိုပေါက်ဖွားကာ အပင်ခြေ ညိုမည်းပုပ်ပြီး လဲကျလာခြင်းဖြစ်ပါတယ်။ ရောဂါရအပင်များကို ချက်ချင်းနှုတ်ယူမီးရှို့ဖျက်ဆီးပါ၊ ရေလောင်းနှုန်းကို လျှော့ချပြီး မနက်စောစောပိုင်းတွင်သာ လောင်းပေးပါ။ ထို့နောက် ကျန်ရှိသော ကျန်းမာသည့်အပင်များထံ ကူးစက်မှုတားဆီးရန်အတွက် Fosetyl-Al,Hymexazol, (Metalaxyl) သို့မဟုတ် ကာဘင်ဒါဇင် (Carbendazim) ပါဝင်သော မှိုသတ်ဆေးတစ်မျိုးမျိုးကို အပင်ခြေနှင့် မြေဆီလွှာထဲသို့ စိမ့်ဝင်အောင် ပက်ဖျန်းပေးရပါမယ်ခင်ဗျာ။
ပျိုးပင်သက်တမ်း ၃၆ ရက်ရှိပြီး မြေချစိုက်ပျိုးပြီး ၄ ရက်သာရှိသေးသော အပင်ငယ်များသည် သဘာဝအရ မြေထိုင်စပြုဆဲ အမြစ်သစ်ကူးပြောင်းဆဲကာလ ဖြစ်သဖြင့် အလွန်နုနယ်ပြီး မှိုရောဂါဒဏ်ကို မခံနိုင်သေးပါဘူး။ မိုးမရွာသော်လည်း ပတ်ဝန်းကျင် စိုထိုင်းဆနှင့် ပူအိုက်စိုစွတ်မှုကြောင့် မြေဆောင်မှိုများ ပိုမိုထကြွလာခြင်းဖြစ်ပါတယ်။ လက်ရှိတွင် မက်တယ်လပ်ဆီး (Metalaxyl) ရှိနေပြီးဖြစ်၍ ၎င်းဆေးကို အသုံးပြုနိုင်သော်လည်း မြေချပြီးစ အပင်ငယ်များဖြစ်သဖြင့် ဆေးအချိုးအစားကို ပုံမှန်ထက် အနည်းငယ်လျော့၍ အပင်ခြေပတ်လည် မြေဆီလွှာထဲသို့ စိမ့်ဝင်အောင် ညနေပိုင်းကိုရှောင်၍ မနက်စောစောပိုင်းတွင်သာဖျော်စပ်ဖျန်းရပါမယ်။ ရေလောင်းရာတွင် အစိုဓာတ်မလွန်ကဲစေရန် သတိပြုပေးပါဗျ။ Metalaxy ဆေးထုပ်မှာ အနိမ့်ဆုံးနှုန်းထားပါပါလိမ့်မယ်ခင်ဗျာ၊ ဆေးထုပ်မှာအနိမ့်ဆုံးနှုန်းထားအတိုင်းဖျော်စပ်ပေးပါခင်ဗျာ။
ဆက်စပ်မေးခွန်းများ
ဆရာခင်ဗျ ခရမ်းနဲ့ ခရမ်းချဥ်အတွက် ရွှေ့စိုက်ပီး 15 ရက်လောက်နေရင် ကြိုတင်ကာကွယ်လို့ရမဲ့ မှိုဆေးလေးညွှန်ပေးပါအူး...
ဖြေကြားချက် 4 ခု
ဆရာခရမ်းချဥ် 39 ရက်သားပါ 36 ရက်သားတုန်းက ရွက်ထွင်းလေးတေ တွေ့လို့ အဘာမက်တင် နဲ့ အစီတာ အနည်းငယ်စီတော့ဖျန်းမိပါ...
ဖြေကြားချက် 0 ခု
ဆရာခင်ဗျ ခရမ်းချဥ် ခရမ်းခေါင် ပဲတောင့်ရှည် အပင်ငယ်စဥ် အဖူးမဝင်ချိန်ထိ အပင်အားဆေး တောနစ် တစ်မျိုးတည်းနဲ့ လုံ...
ဖြေကြားချက် 3 ခု
ခရမ်းချဥ် ထိပ်ဖျားကအဝါရောင်ဖျော့ဖျော့ဖစ်နေတယ်ဆရာ ဘာဖစ်တာလဲဖြေကြားပေးပါဦး
ဖြေကြားချက် 4 ခု
ခရမ်းချဥ်အသီးကြီးဆေးညွန်းပါလားဗျ
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။