ဖြေကြားချက် ၂ ခု
ငရုတ်ပင်များ ရွှေ့ပြောင်းစိုက်ပြီး ၁၀ ရက်ဝန်းကျင်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် အပင်ညှိုးခြင်း၊ ပင်စည်ခါးရိခြင်းနှင့် အမြစ်ပုပ်ခြင်းတို့သည် ငရုတ်ပင် အမြစ်ပုပ်/ပင်ခြေပုပ် မှိုရောဂါ (Root & Crown Rot) ကြောင့် ဖြစ်ပါတယ်။မိုးရေဝပ်ပြီး မြေကြီးထဲတွင် အောက်ဆီဂျင် ပြတ်လပ်သွားသောအခါ Phytophthora သို့မဟုတ် Fusarium မှိုပိုးများ အလွန် လျင်မြန်စွာ ပွားများလာခြင်း ဖြစ်သည်။ လက်ရှိအခြေအနေကို ကုသရန်အတွက် ပထမဆုံး စိုက်ခင်းအတွင်း ရေလုံးဝ ဝပ်မနေစေရန် ရေနုတ်မြောင်းများကို အမြန်ဆုံး ဖော်ရပါမယ်။ ထို့နောက် စိုက်ပျိုးရေးသုတေသန လမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ ပြင်းထန်စွာ ပုပ်နေသော အပင်များကို နှုတ်ယူ ဖယ်ရှားပြီး၊ ရောဂါမကျသေးသော အပင်များနှင့် အပင်ခြေများကို မက်တယ်လက်ဆီး (Metalaxyl)၊ သို့မဟုတ် Foestyl -Al ကဲ့သို့သော မှိုသတ်ဆေး တစ်မျိုးမျိုးကို အမြစ်ဇုံ စိုရွှဲသည်အထိ အပင်ခြေဖျန်းစနစ်ဖြင့် (၇-၁၀) ရက်ခြား တစ်ကြိမ်၊ စုစုပေါင်း (၂) ကြိမ်ခန့် ဆေးဖျန်းပေးလေ့ရှိပါတယ်။ နောက်နောင် မဖြစ်ပွားစေရန် မိုးရာသီတွင် စိုက်ဘောင်ကို (၈ လက်မမှ ၁ ပေခန့်) မြှင့်စိုက်ခြင်း၊ မြေပြင်ချိန်တွင် ထုံးနှင့် ထရိုင်ကိုဒါးမား (Trichoderma) အကျိုးပြုမှို ထည့်သွင်းပေးခြင်းတို့ကို ကြိုတင်လုပ်ဆောင်ရပါမယ်။
အရမ်းများရင်တော့ အသစ်ပြန်ပျိုးတာ အဆင်ပြေမယ်။ မများရင်တော့ မိုးလင်းတာနဲ့ မှိုသတ်ဆေး ဖျန်းပေးပါ။ ထရိုင်ကိုဒါးမားပါတဲ့ သဘာဝမြေသြဇာထည့်ပေးပါ။ ငရုတ်ပင်ငယ်စဥ်မှာ ဆိုးရွားတတ်တဲ့ ခါးရိရောဂါ( Chilli damping off)
ဆက်စပ်မေးခွန်းများ
ငရုတ်ပျိုးပင်လေးတွေ အခုလိုရေစိုနာ ဖြစ်ပြီး သေနေတာ ဘာကြောင့်ပါလဲဗျ
ဖြေကြားချက် 2 ခု
ငရုတ်ပင်တွေမှာ ခုလိုမျိုးဖြစ်ပြီး အညွှန့်တက်ခါစလေးတွေပါ ခြောက်လာလို့ဗျ မှိုသတ်ဆေး ၊ပိုးသတ်ဆေး ဘာအမျိုးအစားကို...
ဖြေကြားချက် 1 ခု
ဆရာကြီးတို့ ငရုပ်မှာဘာရောဂါတေလဲဆရာဘယ်လိုလုပ်သင့်လဲ
ဖြေကြားချက် 1 ခု
ဆရာတို့ခမျာ ငရုတ်တခါမှမစိုက်ဖူးသေးတဲ့ မြေမှာစိုက်ချင်လို့ပါ အဲတာ ခြ ကိုနိူင်တဲ့ဆေးနည်းလေးများရှိရင် ပြောပြပေး...
ဖြေကြားချက် 2 ခု
ပိုးမွှားလား ရောဂါလား မခွဲခြားတတ်တော့လို့ဗျ ဘာဆေးသုံးရင်အဆင်ပြေသွားနိုင်မလဲသိချင်လို့ပါဗျ
ဖြေကြားချက် 2 ခု