တစ်နှစ်သား အုန်းချိုမွှေးပင်လေးပါ အလယ်အူတိုင်အရွက်က ခြောက်ပြီး မိုးရောင်လည်း အနည်းငယ်တွေ့ပါတယ် ဆွဲကြည့်တော့လည်း ပါမလာသေးပါဘူး ဘယ်လိုလုပ်ရမလဲ ဆရာတို့ခင်ဗျ
အစိုဓာတ်တွေ များနေလို့ မှိုတက်တာမျိုး ဖြစ်မှာပါ။ ကောပါးဆေး ဒါမဟုတ် မန်ကိုဇက် အတွင်းပိုင်းထိ စိမ့်ဝင်သွားအောင် ဖျန်းပေးပါ။ တကယ်လို့ ဆေးဝယ်ဖို့ခက်တယ်ဆိုရင် သဲနဲ့ ဆားကြမ်းရောပြီး အလက်တွေခေါင်ညွှန့်တွေကြားထဲပက်ပေးပါ။ ဆားဓာတ်က စိုထိုင်းဆကို လျော့ချပေးပြီး မှိုကို မပွားအောင် ထိန်းပေးပါတယ်။ အောက်ခြေကို ပြောင်အောင်ရှင်းပေးပြီး သဘာဝမြေသြဇာနဲ့ လက်ချားရောစပ်ပြီး ကျွေးပေးပါ။ ရေလောင်းတဲ့အချိန်မှာ ခေါင်ညွှန့်တွေထဲထိ မဝင်အောင် ဂရုစိုက်ပေးပါ။ အုန်းပင်ခေါင်ညွန့်ပုပ်ရောဂါ (Bud Rot) မဖြစ်သေးဘူးလို့တော့ ယူဆပါတယ်။
ဆက်စပ်မေးခွန်းများ
အုန်းချိုမွှေး ခြကိုက်နေလို့ပါ ကူညီကြပါအူံးခင်ဗျ စိုက်ပြီး 8 လ ပဲ ရှိပါသေးတယ်ခင်ဗျ
ဖြေကြားချက် 2 ခု
အုန်းချိုမွှေး ၈ လ သားတွေပါ အပင်ခြေမှာ ခြကိုက်နေလို့ ကူညီပေးကြပါအုံးဗျ ဆားရေလောင်းရင် ရနိုင်မလဲ ခင်ဗျ
ဖြေကြားချက် 1 ခု
နေပြည်တော် ဇေယျာသီရိမှာ ယိုးဒယားအုန်းချိုမွှေးခြံစိုက်ပျိုးလို့အဆင်ပြေလောက်လားဗျ
ဖြေကြားချက် 2 ခု
ဒီးစက်လေး အကြောင်းကို ရှင်းပြကြပါအုန်းခင်ဗျ စက်ရှိပြီး မသုံးတက်လို့ပါ
ဖြေကြားချက် 4 ခု
အုန်း ပင် အရွက် တွေ တွန့် နေ ပါ တယ် ဘာ ဖြစ် တာ ပါ လဲ
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။