အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
464
လွန်ခဲ့သော ၇ နှစ် က · ဒီပဲယင်း

R.Sနှင့်C.S စပါးမျိုးက ဘယ်လို ကွာခြားတာလဲ သိချင်ပါတယ်

ခေတ်သစ်စိုက်ပျိုးရေး စပါး စပါးမျိုးများ
2

ဖြေကြားချက် ၂ ခု

464 လွန်ခဲ့သော ၇ နှစ် က

ကျေးဇူးပါ

အတည်ပြုပြီး 323,968 လွန်ခဲ့သော ၇ နှစ် က

စပါးမျိုးသန့်ထုတ်တဲ့အခါမှာ သုံးတဲ့ စကားလုံးတွေပါ။ အရင်ဆုံး BS - အခြေခံမျိုးအဆင့် - ၁ ကို မိဘမျိုးစေ့လို့လဲ ခေါ်ကြပါတယ်။ မျိုးတစ်မျိုးခြင်းစီရဲ့ ဗီဇလက္ခဏာတွေ ပြည့်ဝဖို့ လိုအပ်ပါတယ်။ မိဘမျိုးစေ့မှာ သန့်မှ ကျန်မှ မျိုးဆက်တွေ သန့်မှာပါ။ FS - အခြေခံမျိုးအဆင့် - ၁ ကို ဆင့်ပွားမျိုးစေ့လို့လဲ​ခေါ်ပါတယ်။ မိဘမျိုးစေ့ကနေ ပြန်ပွားယူတာဖြစ်ပါတယ်။ RS - မျိုးသန့်အဆင့် - ၁ ကို မျိုးသန့်မျိုးပွားမျိုးစေ့လို့ ခေါ်ပါတယ်။ FS ကနေ ပွားယူတာ ဖြစ်ပါတယ်။ ဒီအဆင့်ထိကိုတော့ စိုက်ပျိုးရေးဌာန မျိုးစေ့ခြံတွေမှာ ထုတ်ပါတယ်။ CS - မျိုးသန့်အဆင့် - ၂ ကို စီးပွားဖြစ် မျိုးသန့်မျိုးစေ့လို့ ခေါ်ပါတယ်။ ဒီအဆင့်မှာတော့ စိုက်ပျိုးရေး ဦးစီးဌာနမှ ဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှုနဲ့ မျိုးသန့်စံပြရွာများ၊ အကျိုးဆောင် တောင်သူများနှင့် ပုဂ္ဂလိကမျိုးစေ့ထုတ် ကုမ္မဏီများတွင် ပွားများပါတယ်။ ဒီအဆင့်က ထွက်လာတဲ့ မျိုးသန့်တွေကို စိုက်ပျိုးမယ့် တောင်သူတွေလက်ထဲ ပို့ဆောင်ပေးပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။