ဖြေကြားချက် ၁ ခု
၁ ဧကခြံဝင်းအတွင်း ဆိတ်ကောင်ရေ ၁၀၀ အား တင်းကုပ်နှင့် လွှတ်ကျောင်းစနစ်တွဲ၍ မွေးမြူခြင်းသည် စနစ်တကျ စီမံခန့်ခွဲပါက အလွန်အဆင်ပြေနိုင်ပါတယ်။ ဆိတ်ကောင်ရေ ၁၀၀ အတွက် အနည်းဆုံး စတုရန်းပေ ၁,၅၀၀ မှ ၂,၀၀၀ အကျယ်ရှိသော ကြမ်းပြင်မြင့်တင်းကုပ် လိုအပ်ပြီး၊ ညအိပ်ချိန်၊ မိုးရွာချိန်နှင့် အစာကျွေးချိန်များတွင် တင်းကုပ်ပေါ်၌ ထားရှိခြင်းက ရောဂါဘေးမှ ကာကွယ်ပေးနိုင်ပါတယ်။ ၁ ဧက စားကျက်ကွင်းအတွင်း သဘာဝမြက်သက်သက်ဖြင့် မလုံလောက်နိုင်သဖြင့် နေဗီယာမြက်နှင့် ပဲမျိုးနွယ် စားကျက်ပင်များကို စိုက်ပျိုးထားရပါမယ်။ ထို့ပြင် ၁ ဧကကို ၃ ကွက်ခန့် စည်းရိုးခတ်၍ အလှည့်ကျလွှတ်ကျောင်းခြင်း ကို ကျင့်သုံးပြီး၊ တင်းကုပ်ပေါ်၌ ဖွဲနု၊ နှမ်းဖတ်ကဲ့သို့သော ဖြည့်စွက်စာများကိုပါ တွဲဖက်ကျွေးမွေးပါက အောင်မြင်ဖြစ်ထွန်းနိုင်ပါတယ်။
ဆက်စပ်မေးခွန်းများ
ဆိတ်ထီးလေးတွေ အလွယ်ကူဆုံ အသက်သာဆုံး အထိရောက်ဆုံး သင်းနည်း ပြောပြပေးပါဗျာ
ဖြေကြားချက် 1 ခု
ခုချိန် နို့စားနွားနဲ့ဆိတ်မွေးမြူရေး ဘယ်ဟာက ပိုအဆင်ပြေမလဲ လက်ရှိဆိတ်က အကြီးအသေးအကောင်၃၀ကျော်ရှိပါသည် ဆိတ်စျေးက...
ဖြေကြားချက် 2 ခု
ဆိတ်စာ အကောင် 13 ကောင် အတွက်အဆင်မပြေဖြစ်နေပါတယ် ဘာလုပ်ရမလဲ ဆရာတို့
ဖြေကြားချက် 1 ခု
ဆိတ်စာချဉ်ဖတ် လုပ်လို့ရတယ်ပြောကြတယ်။ ဘယ်လိုလုပ်ရသလဲ ပြောပေးပါ။
ဖြေကြားချက် 1 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်...
ဖြေကြားချက် 1 ခု