စတော်ဘယ်ရီပင်ဘာရောဂါလဲဗျဒီလိုတွေဖြစ်နေတာက
ဟုတျကဲ့ပါ
စတော်ဘယ်ရီ ဒေါင့်ချွန်းရွက်စက်ပြောက်ရောဂါ (Angular Leaf Spot)ကျနေတာပါ၊ဒီရောဂါ သည် Xanthomonas fragariae ဘက်တီးရီးယားကြောင့် ဖြစ်ပွားပြီး ရေစက်များ လွင့်စင်ခြင်းမှတစ်ဆင့် အဓိက ပြန့်ပွားတာပါ။ ရောဂါကို ထိန်းချုပ်ရန် အရွက်များ ခြောက်သွေ့နေချိန်တွင်သာ ဖြတ်တောက်ပြုပြင်ခြင်း၊ ရောဂါကျရွက်ဟောင်းများကို ဆွတ်ခူးမီးရှို့ခြင်းနှင့် အပင်ပေါ်မှရေဖျန်းမည့်အစား ရေပေးသွင်းစနစ်ကို အသုံးပြုခြင်း စသည့် စိုက်ပျိုးရေးနည်းစနစ်များကို ဦးစွာလုပ်ဆောင်ရပါမယ်။ ဘက်တီးရီးယားရောဂါဖြစ်၍ သမားရိုးကျမှိုသတ်ဆေးများဖြင့် ကုသ၍မရနိုင်ဘဲ ကော့ပါး (Copper) အခြေခံဆေးဝါးများ သို့မဟုတ် Oxolinic acid ကဲ့သို့ ဘက်တီးရီးယားသတ်ဆေးများကို ဆေးညွှန်းအတိုင်း ဂရုတစိုက် ပက်ဖျန်းနှိမ်နင်းရပါမယ်၊ဆေးတခါဖျန်းပြီးတိုင်း ရောဂါကျအပင်များဆက်လက်ပျံ့ပွားခြင်းရှိမရှိ အမြဲစောင့်ကြည့်ပါ။
ဆက်စပ်မေးခွန်းများ
မဂ်လာပါဗျာ စတော်ဘယ်ရီပင်က အပွင့်သိီးနေပါပီ တချို့လဲမပွင့်သေးပါဘူး အခုတလော အပင်က တပင်ပီးတပင် ညိုးလာတယ်ဗျာ ညိုး...
ဖြေကြားချက် 3 ခု
စတော်ဘယ်ရီသီး.စပျစ်သီးနဲ့သလဲသီးတွေကရန်ကုန်လိုအပူပိုင်းဒေသမှာအသီးသီးပါသလားရှင့်
ဖြေကြားချက် 2 ခု
စတော်ဘယ်ရီပင်ကိုမြေအောင်းပြီးအမြစ်ကိုကိုက်ဖျက်ဆီးတတ်တဲ့ဒီပိုးတွေကိုဘယ်လိုနှိမ်နှင်းကြမလည်း စစိုက်ပြီးအချိန်ကစ၍...
ဖြေကြားချက် 3 ခု
စတော်ဘယ်ရီပျိူးဖို့မြေစပ်နည်းနဲ့စတော်ဘယ်ရီစိုက်ဖို့မြေကိုဘယ်လိုပြုပြင်သင့်ပါသလဲဗျာ
ဖြေကြားချက် 1 ခု
စတော်ဘယ်ရီပင်တွေဒီလိုဖြစ်နေလို့အဟာရချို့တဲ့တာလားပိုးလားဗျ
ဖြေကြားချက် 3 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။