ဖြေကြားချက် ၃ ခု
သက်တမ်း ၈၀ ရက်ရှိပြီဖြစ်သော ဆင်းသုခစပါးခင်းသည် သန္ဓေတည်ဖုံးလုံးချိန်သို့ ရောက်ရှိနေပြီဖြစ်ပြီး အပင်အမြင့်နှင့် အရွက်အစိမ်းရောင်မှာ ရှိနေရင်N (ယူရီးယား) ထပ်မံကျွေးပါက အရွက်များ အလွန်အမင်း သန်လာပြီး ဂုတ်ကျိုးရောဂါနှင့် ဖျက်ပိုးများ ပိုမိုကျရောက်လာနိုင်သည့်အပြင် အပင်လဲနိုင်ခြေလည်း ရှိပါတယ်။ P (တီစူပါ) သည်လည်း အမြစ်ပွားရန် စောစောကျွေးရမည့် ဓာတ်ဖြစ်သဖြင့် ယခုအချိန်တွင် ကျွေးလျှင် အဆင်မပြေတော့ပါဘူး။ ထို့ကြောင့် စပါးနှံထွက် တူညီစေရန်၊ အစေ့အဆန် အောင်မြင်တင်းပြည့်စေရန်နှင့် ရောဂါဒဏ်ခံနိုင်ရန်အတွက် N နှင့် P ကို မကျွေးဘဲ K (ပိုတက်ရှ်) မြေဩဇာကို တစ်ဧကလျှင် ၁၂ ေပါင်မှ ပေါင် ၂၀ ဝန်းကျင် ပက်ကြဲပေးခြင်း သို့မဟုတ် ပိုတက်ဆီယမ်ဓာတ် မြင့်မားစွာပါဝင်သော ရွက်ဖျန်းမြေသြဇာကို စပါးနှံမထွက်မီ ယခုအချိန်တွင် တစ်ကြိမ်၊ စပါးနှံ ၅၀ ရာခိုင်နှုန်း ထွက်ချိန်တွင် တစ်ကြိမ် ဖျန်းပေးသင့်ပါတယ်။အကယ်၍မိမိကစပါးအရွက်အရောင်အားမရလို့ကျွေးချင်ပါက N(ပုလဲ) ချင့်ချိန်ကျွေးနိုင်ပါတယ်ခင်ဗျာ။
ဆက်စပ်မေးခွန်းများ
ပေါ်ဆန်းသက်ရင်အထွက်တိုးစေရန်ဘာဆေးဝါးသုံးရမလဲဗျ။ဘယ်မြေသြဇာသုံးရင်အဆင်ပြေမလဲသိချင်ပါတယ်ခင်ဗျာ။
ဖြေကြားချက် 3 ခု
စပါးဂုတ်ကျိုးရောဂါ(rice neck blast)သုံးသင့်သည့်fungicideပြောပြပါ့လားဗျ
ဖြေကြားချက် 2 ခု
စပါးရွက်ခြောက်ရောဂါ(BB)အတွက်သုံးသင့်သည့်fungicideလေးပေးပါ့လား
ဖြေကြားချက် 1 ခု
နှံစုပ်ပိုး အနည်းငယ်ကျ နေပါတယ် ဒီရက်မိုးလဲများတော့ ပန်းပွင့်ကြွေတာလား နှံစုပ်ကြောင့်လား ဆေးနောက်တကြိမ်ဖြန်း...
ဖြေကြားချက် 1 ခု
စပါးပင်တေွဝါတာ နောက်ချေး4တင်းရယ် မြေဆီရယ် ထုံးရယ်နှပ်ပီ ေကျွးရင်အဆင်ပြေလားရှင့် ဘနှရက်နှပ်ထားရလဲ နှပ်နီးလေး...
ဖြေကြားချက် 2 ခု