သံပယိုပင်ရဲ့အရွက်က ပုံထဲကလို အမဲစက်တွေဖြစ်နေလို့ပါ။ အဲ့ဒါက ပိုးကျတာလားရှင့်။ အသီးက အခွံထူပြီး အရည်မရွှမ်းလို့ပါ။ အိမ်မှာ တနိုင်တပိုင်စိုက်တာမို့ ပညာရှင်ကြီးများ လွတ်လပ်စွာ အကြံပြုပေးပါဦးရှင့်။ တစ်ဦးတစ်ယောက်ချင်းစီတိုင်း ကျေးဇူးတင်လျက်ပါရှင့်။
သူက သံပုရာယင်မဲ (Citrus blackfly) ရဲ့ ပိုးတုံးလုံးအဆင့်ကောင်လေးတွေပါ။ သံပုရာယင်မဲက စုပ်စားပိုးအမျိုးအစားဖြစ်ပြီး သံပုရာအရွက်ထဲက သစ်ရည်ကို စုပ်ယူစားသောက်ပါတယ်။ ရေထဲမှာ ဆပ်ပြာဆီထည့်ဖျော်ပြီး ဖျန်းပက်ပေးနိုင်ပါတယ်။ ရေရှည်အတွက်ဆိုရင်တော့ တမာပိုးသတ်ဆေးကို ဆောင်ထားပြီး ၂ ပတ်တစ်ကြိမ် တစ်လတစ်ကြိမ်လောက် ပုံမှန်လေး ဖျန်းပေးပါ။ သူ့ရဲ့ သဘာဝရန်သူတွေကတော့ နကျယ်ကောင်တို့ လိပ်ခုံးကျိုင်းတို့ ဖြစ်ပါတယ်။ ကိုယ်အပင်ဘေးမှာ အဲဒီလိုအကျိုးပြုပိုးတွေတွေ့ရင် အသိမှတ်ပြုပေးပါ။
ဆက်စပ်မေးခွန်းများ
သံပရာပင်
ဖြေကြားချက် 1 ခု
ဆရာတို့ပုံမှာပြထားတဲ့သံပရာပင်ကအပွင့်တစ်နှစ်ပွင့်ပြပြီးပန်းမပွင့်ဘူးဖြစ်နေလို့ဘယ်လိုလုပ်ရမလဲဆရာ
ဖြေကြားချက် 1 ခု
သံပုယိုပင်ကို စီးပွားဖြစ်စိုက်ရင် ကောင်းပါသလား။ လက်ရှိအပင် ၁၅၀ ပင်စိုက်ထားပါတယ်။ ခုမှ စသီးတာပါ။
ဖြေကြားချက် 2 ခု
သံပရိုပင်ရဲ့ သက်တမ်းကို သိပါရစေ
ဖြေကြားချက် 3 ခု
ကိုကိုးပင်ကိုဘယ်လိုမျိုးစိုက်ပျိုးရပါသလဲ
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။