ဧရာပဒေသာစပါး ပါ အပင်က ဘေးရွက်တွေ နီပြီး ခြောက်နေပါတယ် ဘယ်လို ကုသရမလဲ
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
- အပင်သက်တမ်း
- ၃၅ ရက်
- ရာသီဥတု (တစ်ပတ်အတွင်း)
- အများအားဖြင့် တိမ်ထူထပ်
လယ်ကွက်အတွင်း ကောက်ရိုးနှင့် မြက်ဆွေးများ သေချာမပုပ်သေးဘဲ တမန်းပူနေပါက စပါးပင်ငယ်များ အမြစ်မှ အာဟာရမစုပ်ယူနိုင်ဘဲ ဘေးရွက်များ ဝါနီခြောက်လာတတ်သေးတယ်။ တမန်းပူလောင်ခြင်း ဟုတ်၊ မဟုတ် တိကျစွာ သိရှိနိုင်ရန် လယ်ကွက်ထဲ ဆင်းသည့်အခါ အောက်ခြေမြေကြီးမှ ပုပ်စော်နံသော အဆိပ်ငွေ့ (ဟိုက်ဒရိုဂျင်ဆာလ် ဖိုက်) များ ထွက်မထွက်နှင့် ခြေထောက်တွင် ပူနွေးနွေး ခံစားရခြင်း ရှိ၊ မရှိ စစ်ဆေးရပါမယ်။ ၎င်းပြဿနာကို ကုသရန်အတွက် လယ်ကွက်အတွင်းရှိ ရေပူ၊ ရေဟောင်းများကို အမြန်ဆုံး ကုန်စင်အောင် ထုတ်ပစ်ရပါမည်။ ထို့နောက် မြေကြီးအက်ကွဲပြီး အဆိပ်ငွေ့များ ကုန်စင်သွားသည်အထိ (၃) ရက်ခန့် ထားပြီးမှ ရေအသစ်ပြန်သွင်းကာ ပုလဲမြေသြဇာလျှော့ကျွေးပြီး ကုစနည်းကတော့ နီတိုကုသနည်းဖြင့်ဆင်တူပါတယ်ခင်ဗျာ။
စပါးပင်ငယ်စဉ် ဘေးရွက်ဟောင်းများ နီခြောက်ရခြင်းမှာ နိုက်ထရိုဂျင်နှင့် ပိုတက်စီယမ် ချို့တဲ့ခြင်း၊ မြေချဉ်လွန်း၍ သံဓာတ်အဆိပ်သင့်ခြင်း (နီတိုဖြစ်ခြင်း) သို့မဟုတ် ဘက်တီးရီးယား ရွက်ခြောက်ရောဂါကြောင့် ဖြစ်နိုင်ပါတယ်။ တိကျသောရောဂါကို ခွဲခြားရန်အတွက် ပထမဆုံး အပင်၏ အမြစ်ကို နုတ်ယူစစ်ဆေးရပါမယ်။ အမြစ်များ မည်းပုပ်မနေဘဲ ဖြူနေပါက မှိုရောဂါထက် အာဟာရဓာတ်ချို့တဲ့မှု သို့မဟုတ် ရေဝပ်၍ မြေအဆိပ်သင့်မှုကြောင့် ဖြစ် သော နီတို (သံဓာတ်အဆိပ်သင့်ခြင်း) ဖြစ်နိုင်ပါတယ် ။ ရောဂါရှာဖွေပြီးပါက လယ်ကွက်အတွင်းရှိ ရေဟောင်းများကို ကုန်စင်အောင် ထုတ်ပစ်ပြီး မြေအနည်းငယ် အက်ကွဲသည်အထိ လေပေးရပါမယ်။ ထို့နောက် ရေအသစ်ပြန်သွင်းကာ ပိုတက်စီယမ်နှင့် ဂျစ်ဆမ်မြေသြဇာ ကျွေးခြင်း၊ အမိုင်နိုအက်ဆစ် ရွက်ဖျန်းအားဆေး ပက်ဖျန်းပေးခြင်းဖြင့် အပင်ကို အမြန်ဆုံး ပြန်လည်နာလန်ထူလာစေနိုင်ပါတယ်။ရေနစ်မြုပ်ခဲ့ခြင်းရောရှိသေးလား၊ ကျွန်တော်ကတော့ နီတိုဖြစ်တယ်လို့ယူဆမိပါတယ်ခင်ဗျာ။
ဆက်စပ်မေးခွန်းများ
ဆရာတို့ခင်ဗျာ (1)ကြက်သွန်မြိတ်ပိုးရဲ့ သဘောသဘာဝက ရေရှိတာကိုကြိုက်တာလား ရေမရှိတာကို ကြိုက်တာလားသိပါရစေ။ (၂)ဖြုတ်...
ဖြေကြားချက် 2 ခု
စပါးအပင်သက်တမ်း၈၀ရိှိပါပြီ ပုံမှာအောက်ခြေအရွက်အနည်းငယ်ခြောက်တာ ဘာကြောင့်ဖြစ်နိုင်ပါသလဲ
ဖြေကြားချက် 2 ခု
ကရင်မစပါးပါ ပုံပါအတိုင်း ဝါနေလို ဘာဖြစ်တာလည်း
ဖြေကြားချက် 5 ခု
စပါးပင်ဘာဖြစ်တာလဲသိချင်လို့ပါ
ဖြေကြားချက် 1 ခု
ဘာဖြစ်တာ လဲသိချင်လို့ပါ
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။