ဖြေကြားချက် ၂ ခု
မိမိကိုယ်တိုင် ပြုလုပ်ထားသော သဘာဝငါးအမိုင်နို၊ သဘာဝအင်ဇိုင်းနှင့် သဘာဝတမာဆေးများသည် အပင်အတွက် အလွန်ကောင်းမွန်သော်လည်း အားလုံးကို တစ်ပြိုင်နက်တည်း ရောစပ်မဖျန်းသင့်ပါဘူး။ အာဟာရဖြစ်သော ငါးအမိုင်နိုနှင့် အင်ဇိုင်းကို အုပ်စုတစ်စု၊ ပိုးမွှားကာကွယ်သော တမာဆေးကို အုပ်စုတစ်စု ခွဲခြား၍ ၃ ရက်မှ ၅ ရက်ခန့် ခြားပြီး ပက်ဖျန်းခြင်းက အာနိသင် အပြည့်ဝဆုံး ဖြစ်စေပါလိမ့်မယ်။ သဘာဝဆေးများသည် အချဉ်ဖောက်ထားသဖြင့် အက်စစ်ဓာတ်ရှိပြီး ပြင်းအား မြင့်မားတတ်သောကြောင့် နှုန်းထားလွန်ကဲပါက အပင်လောင်ခြင်း သို့မဟုတ် မှိုရောဂါကျရောက်ခြင်းတို့ ဖြစ်ပွားနိုင်သဖြင့် စနစ်တကျ အချိုးကျ ရေဖျော်အသုံးပြုရန် လိုအပ်ပါတယ်ခင်ဗျာ။နှုန်းထားများကို အနိမ့်ဆုံးဖြင့် စမ်းသပ်ဖျန်းပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
အင်ဇိုင်းအားဆေးရည်လုပ်ဖို့.သဘော်သိးကမရလို့....ငှက်ပြောသိး..ပန်းသစ်သော်သိး.ဖရဲသိးနဲ့လုပ်လို့ရလားဗျ...အခွံတွေကော...
ဖြေကြားချက် 2 ခု
အင်ဇိုင်းအသိးအပွင့်အားဆေးကို.အခုပှစပြီးဖော်ထားခြင်လို့.ငှက်ပြောသိး.1.20သားသဘော်သီး.1.20.စပျစ်သိး.1.20.ထန်းလျက်...
ဖြေကြားချက် 2 ခု
သဘာဝပိုးသတ်ဆေး ြဖစ်သော။ ကြက်သွန်ဖြူ၊ ငရုတ်သီး၊ဂျင်း၊ရေနံဆီ၊ဆပ်ပြာ ဤဆေးကို သစ်နှံမျိုးစုံအတွက် ပိုးသတ်ဆေးအဖြစ်...
ဖြေကြားချက် 1 ခု
ပဲစင်းငုံကို.အင်းဇိုင်းဆေးပတ်တာနဲ့.ငါးအမိုင်နိုပတ်တာဘယ်ဟာပိုပြီးအဆင်ပြေနိင်လဲဗျ...1မျိုးဆီပတ်တာနဲ့...2မျိုးရော...
ဖြေကြားချက် 2 ခု
ဆရာခင်ဗျာ ။ပဲစင်းငုံနှင့်ပဲတီကြီးထားပါတယ် ပေါင်းသတ်ဆေးပက်ခင်လို့ပါခင်ဗျာ။ဘယ်အချိန်-ဘယ်ဆေးပက်ရမယ်ဆိုတာ လမ်းညွန်...
ဖြေကြားချက် 1 ခု