ဖြေကြားချက် ၈ ခု
ခဝဲသီးတွင် ကျရောက်သော စုပ်စားပိုးများ (ပျပိုး၊ လှေးပိုး၊ ယင်ဖြူ) ကို နှိမ်နင်းရန် စိုက်ပျိုးရေးသုတေသန လမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ အီမီဒါကလိုပရစ် (Imidacloprid)၊ သို့မဟုတ် အဆီတာမီပရစ် (Acetamiprid) ကဲ့သို့သော ပင်လုံးပြန့်အာနိသင်ရှိသည့် ဓာတုပိုးသတ်ဆေးများကို အရွက်အောက်မျက်နှာပြင်ပါ အလှည့်ကျ နှံ့စပ်အောင် ဖျန်းပက်သုံးစွဲလေ့ရှိတယ်။ ဓာတုဆေးမသုံးလိုပါက တမာဆီ သို့မဟုတ် ဆေးရွက်ကြီးဆေးရည်ကဲ့သို့ သဘာဝဆေးများဖြင့် ကာကွယ်နိုင်ပြီး စိုက်ခင်းအတွင်း ပေါင်းမြက်ရှင်းလင်းခြင်းနှင့် မိတ်ဆွေပိုးများကို ထိန်းသိမ်းခြင်းဖြင့် စုပ်စားပိုးအန္တရာယ်ကို ရေရှည်ကာကွယ်နိုင်ပါလိမ့်မယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဘာပိုးကျလဲမသိလို့ပါဗျ
ဖြေကြားချက် 1 ခု
ခဝဲခြံမှာအသီးတင်ကာနီးမှမိုးများပီးအမြစ်တွေပုက်ကုန်တယ်ဗျဘယ်လိုကာကွယ်ရမလဲအခုလက်ရှိတော့ကျောက့်မှုန့်ဖြူးပေးထားပါ...
ဖြေကြားချက် 1 ခု
omegaသစ်စေ့တွေမစိုက်ဖူးလို့ မာလာမြိုင်ကထုတ်တယ်ပြောကြလို့ မျိုးကောင်းလားမကောင်းလား စိုက်တဲ့ဆရာများအလင်းပြပါခင်...
ဖြေကြားချက် 2 ခု
မေးခွန်း
ဖြေကြားချက် 1 ခု
အသီးအကင်းတွေမအောင်လို့ပါ
ဖြေကြားချက် 4 ခု
ရေပန်းစားသော အကြောင်းအရာများ