ဖြေကြားချက် ၁ ခု
စက်တွင်းရေ (အဝီစိတွင်းရေ) ကို ငါးမွေးကန်ထဲသို့ တိုက်ရိုက် သွင်းပြီး မွေးမြူခြင်းကို မပြုလုပ်သင့်ပါဘူး။ မြေအောက်စက်တွင်းရေတွင် ငါးများ အသက်ရှူရန် လိုအပ်သော ပျော်ဝင်အောက်ဆီဂျင် (DO) လုံးဝမရှိသလောက် နည်းပါးခြင်း၊ သံဓာတ်၊ ထုံးဓာတ်နှင့် အဆိပ်ငွေ့များ ပါဝင်နေခြင်း၊ အပူချိန် အလွန်အေးခြင်းတို့ကြောင့် ငါးများ မွန်းပီးသေဆုံးခြင်းနှင့် အပူချိန်လန့်ခြင်းတို့ ဖြစ်နိုင်ပါတယ်။ အကယ်၍ စက်တွင်းရေကို တိုက်ရိုက်သွင်းပါက ကန်အောက်ခြေရှိ အညစ်အကြေးများကို ပုပ်သိုးစေပြီး အမိုးနီးယားဓာတ်ငွေ့များ ထွက်လာကာ ကန်ရေပုပ်သွားနိုင်ပါတယ်။ ထို့ကြောင့် စက်တွင်းရေကို အသုံးမပြုမီ ရေပန်းစနစ်ဖြင့် လေပေးသွင်းခြင်း သို့မဟုတ် အခြားကန်တစ်ခုတွင် ၂ ရက်ခန့် အနည်ထိုင်စေပြီးမှ ကန်ရေ၏ ၁၀% မှ ၁၅% အထိသာ ဖြည်းဖြည်းချင်း ခွဲသွင်းပေးရပါမယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ငါး
ဖြေကြားချက် 0 ခု
ငါးမွေးမြူဖို့ဘာတွေသိထားသင့်လဲ အခုမှစလုပ်မှာမို့လို့ပါ
ဖြေကြားချက် 3 ခု
အကြံပေးကြပါအုံး ငါးကန်မွေးမြူရေးလုပ်ချင်ပါတယ် သိုလှောင်ရေက ဘယ်လောက်ကြာရင် အသစ်ပြန်လဲသင့်လေး ဖြေခဲ့ကျပါအုံး
ဖြေကြားချက် 1 ခု
အီးအမ်1ကိုဘယ်မှာဝယ်လို့ရမလဲအသေးစိတ်ပြောပြပေးပါ
ဖြေကြားချက် 6 ခု
ဆလားဗီးယားငါးမွေးထားတာ1နှစ်ကြာပြီ ကန်က4ပေ8ပေအနက်5ပေကန်ကျင်းနေလို့လားလုံးဝမျိုးမပွားပါဘူးပြေားပြပေးပါဗျ
ဖြေကြားချက် 1 ခု