အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
61
လွန်ခဲ့သော ၁ ပတ် က · အမရပူရ

ယင်ဖြူ အရမ်းများနေပါတယ် ဖြုတ်စိမ်းလဲရှိတယ် Thiamethoxam -20 WDG (10 g) + Lambda Cyhalothrin -5W/ V(15 cc)ဖျန်း...

ယင်ဖြူ အရမ်းများနေပါတယ် ဖြုတ်စိမ်းလဲရှိတယ် Thiamethoxam -20 WDG (10 g) + Lambda Cyhalothrin -5W/ V(15 cc)ဖျန်းပါတယ် ယင်ဖြူ မပျောက်ဘူးဖြစ်နေပါတယ် Abamectin -1.8% W/ V (20cc) လဲဖျန်းပါတယ် ယင်ဖြူ အမြစ်ပျက် နှိပ်နှင်းရန် ဆေးနဲ့ မိုစေ့ ဗိုင်းရပ် ကာကွယ်ဆေးလေးသိချင်ပါတယ်ဗျာ

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၁၆၀ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အသီး အညွန့် အရွက်
ရာသီဥတု (တစ်ပတ်အတွင်း)
အများအားဖြင့် နေသာ မိုးရွာ
ပိုးမွှားရောဂါ ခရမ်းသီး
Post image
Post image

ဖြေကြားချက် ၆ ခု

348,307 လွန်ခဲ့သော ၁ ပတ် က
ဤအဖြေဖြင့် ပြေလည်

တောင်သူကြီး သုံးစွဲထားသော Thiamethoxam၊ Lambda Cyhalothrin နှင့် Abamectin ဆေးများသည် ယင်ဖြူများ ဆေးယဉ်ပါးမှု (ဆေးမတိုးခြင်း) ဖြစ်သွားစေသည့်အတွက် အကောင်များ မသေဘဲ ရှိနေခြင်းဖြစ်ပါသည်။ ဤပြဿနာကို ဖြေရှင်းရန်အတွက်စိုက်ပျိုးရေးသုတေသန လမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ဆေးအုပ်စုအသစ်များဖြစ်သော Spiromesifen (သို့မဟုတ်) Pyriproxyfen ,Dinotefuran (သို့မဟုတ်) Acetamiprid ကဲ့သို့ ဆေးများဖြင့်တွဲဖက်၍ အရွက်အောက်မျက်နှာပြင်များအထိ နှံ့စပ်အောင် ပြောင်းလဲပက်ဖျန်းသုံးစွဲလေ့ရှိတယ် ။ ၎င်းအပြင် စိုက်ခင်းအတွင်း အဝါရောင် ကော်စေးကပ်ပြားများ ချိတ်ဆွဲခြင်း၊ တမာဆီ သုံးစွဲခြင်းဖြင့် ပိုးကောင်ရေကို ပူးတွဲထိန်းချုပ်သုံးစွဲလေ့ရှိတယ် ။ ယင်ဖြူသည် ဗိုင်းရပ်စ်ရောဂါကို သယ်ဆောင်တတ်သဖြင့် ရောဂါရပင်များကို နှုတ်ယူဖျက်ဆီးပြီး အပင်သန်မာ ခံနိုင်ရည်ရှိစေရန် အနည်းလိုအာဟာရဓာတ်များ ပံ့ပိုးပေးသင့်ပါတယ်။

348,307 လွန်ခဲ့သော ၁ ပတ် က

အစိမ်းရောင်လမ်း Appထဲဝင် အိမ်ပုံစံဘေးက ဟာကိုနှိပ် ကိုယ်ပိုင်ပို့စ်တင်မည်ကိုနှိပ်ပြီးတင်မေးနိုင်ပါပြီခင်ဗျာ

166 လွန်ခဲ့သော ၁ ပတ် က

မမေးတက်လိုဘယ်လိုမေး

348,307 လွန်ခဲ့သော ၁ ပတ် က

ကိုယ်ပိုင်ပို့စ်ဖြင့်တင်မမေးတတ်တာလားဗျ၊ မန့်တွေလိုက်ဖတ်ရတာ များသွားရင် အဆင်မပြေတော့လို့ပါ နားလည်ပေးပါ၊ မန့်တွေမှာ ပုံတွေကြည့်‌ဖို့က အဆင်မပြေလို့ပါခင်ဗျာ

166 လွန်ခဲ့သော ၁ ပတ် က

မှိုလားပိုးလားမြေဩဇာလား

166 လွန်ခဲ့သော ၁ ပတ် က
You

ဆက်စပ်မေးခွန်းများ

မြစ်ကြီးနားမှာမိုးရာသီက မိုးအရမ်းများလို့ ခရမ်စိုက်မယ်ဆိုရင် ဘယ်မျိုးကို စိုက်သင့်လဲ

ဖြေကြားချက် 1 ခု

ဆရာခင်ဗျ အီမာမက်တင် ဘက်ဇိုရိတ် ၁၀% လန်ဒါဆိုဒ်ဟေသရင် ၁၅% အဲ့ AI နှစ်မျိုးအပြင် အခြား AI နဲ့ ဆေးအမည်လေးပြောပေးပါ...

ဖြေကြားချက် 5 ခု

ခရမ်းသီးပင်တွေ အညွှန့်တွေ ငြိုးကျနေလို့ပါ ဘယ်လိုပြုပြင်ရမလဲ ဆရာတို့ ကူညီပါအုန်း။

ဖြေကြားချက် 1 ခု

မဂ်လာပါဗျကျွန်တော်ရဲ့ခရမ်းမျိုးပင်လေးတွေကပင်ခြေရိပီးသေတာတွေ့နေရတာဘာကြောင့်လဲ ပျိုးဘောင်ကိုအမိုးမိုးထားပါတယ်🌱

ဖြေကြားချက် 1 ခု

ဆရာ ခရမ်းခေါင်းအတော်များများမှာ ခရမ်းသီးလေးတွေ ပုတ်ပီးအဖြူရောင် လေးတွေ ကပ်နေလို့ဆရာ ဘာဖြစ်တာလဲ

ဖြေကြားချက် 5 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။