ဖြေကြားချက် ၂ ခု
လက်ရှိ ခရမ်းချဉ်ပင်များသည် အသီးအလွန်တင်နေပြီး မိုးသည်းထန်စွာ ရွာသွန်းနေသောကြောင့် ပင်ပိုင်းကြီးထွားမှုကို အားပေးသည့် ၁၅ ပတ်လည် မြေသြဇာကို ထပ်မကျွေးသင့်တော့ပါဘူး။ ၁၅ ပတ်လည်မြေသြဇာကို ထပ်မကျွေးဘဲ ပိုတက်စီယမ်ဓာတ် မြင့်မားသော လက်ရှိရှိနေသည့် 3-39-50 ရွက်ဖျန်းဆေးကို ဆေးစွဲကပ်စေးနှင့်ရော၍ မိုးစဲချိန်တွင် ဖျန်းပေးပါ။တောင်သူကြီးလက်ဝယ်ရှိသော 3-39-50 ရွက်ဖျန်းအားဆေးသည် အသီးကြီးရန် အလွန်သင့်တော်သော်လည်း မိုးရွာနေချိန်တွင် ဖျန်းပါက ဆေးမျောပါသွားနိုင်သဖြင့် မိုးစဲချိန်တွင် ဆေးစွဲကပ်စေးရောစပ်၍ ဖျန်းပေးသင့်ပါတယ်။ ထို့ပြင် အပေါ်ကအသီးများ သေးမသွားစေရန်ပုံသဏ္ဌာန်မမှန်သော အသီးငယ်လေးများအချို့ ဖယ်ထုတ်ပေးသင့်ပါတယ်။ ကိုင်းကျိုးခြင်းမှ ကာကွယ်ရန် တိုင်ထောင်ခြင်းတို့ကို လုပ်ဆောင်ပေးနိုင်ရင်ပိုကောင်းပါမယ်။မိုးသည်းထန်စွာ ရွာသွန်းချိန်တွင် အပင်က ကယ်လ်စီယမ် စုပ်ယူမှု အားနည်းသွားပြီး ခရမ်းချဉ်သီးအောက်ခြေပုပ်ခြင်း (Blossom End Rot) အလွန်ဖြစ်ပွားတတ်ပါတယ်။ ထို့ကြောင့် ပိုတက်စီယမ်အပြင် ကယ်လ်စီယမ်-ဘိုရွန် (Ca-B) ပါဝင်သော ရွက်ဖျန်းဆေး သို့မဟုတ် ဂျစ်ဆမ် မြေဩဇာ ကိုပါ မိုးစဲချိန်မှာအပင်ခြေ၌ဖြည့်စွက်ကျွေး ပေးရင် ပိုမိုစိတ်ချရပါလိမ့်မယ်ခင်ဗျာ။ ၁၅ပတ်လည်ကျွေးသင့်မကျွေးသင့်ကတော့ အပင်လိုအပ်ချက်ကို ကြည့်ပြီးမှကျွေးသင့်ပါတယ်။ အခုလိုအသီးပွင့်များနေချိန်မှာတော့ မကျွေးသင့်သေးပါဘူးခင်ဗျာ
ဆက်စပ်မေးခွန်းများ
ခရမ်းချဉ်ကနေရောင်ခြည်အနည်းငယ်ရတဲ့ အရိပ်အောက်မှာ စိုက်လို့ရပါသလား ?
ဖြေကြားချက် 6 ခု
sulfur ဖြန်းပီး နောက်တရက်နေရင် copper oxichloride ဖြန်းလို့ရလားဗျ
ဖြေကြားချက် 3 ခု
ပထမဦးစွာ ဆရာကြီးဒို့ဦးလေးနှင့် ဆရာ ကိုသော်ဇဥ်တို့အား ဝန်ချတောင်းပန်ခြင်း.. ဖြစ်ပုံကဒီလိုပါဆရာတို့ မိုးရာသီစ...
ဖြေကြားချက် 5 ခု
ဆရာ 909 ခရမ်းချဥ်ပါဆရာ ဂွသီးတွေအရမ်းသီးပီး အပေါ်သီးသိပ်မလိုက်လို့ပါဆရာ မိုးကလဲများထားပါတယ်ဆရာ မနေ့ညနေက ဝိဇာရက...
ဖြေကြားချက် 3 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့...
ဖြေကြားချက် 6 ခု