အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
2,602
လွန်ခဲ့သော ၁ ပတ် က · အင်္ဂပူ

စိုက်ခင်ကိုရေဖြန်စနစ်သုံးရန်လေးလက်မပန့်ရေတွက်အားဆိုပိုက်နဲရေဖြန်းဂေါင်းဘယ်လောက်သုံးရလဲးဖြေကြားပေးပါ

စိုက်ပျိုး ဗဟုသုတ နှမ်း

ဖြေကြားချက် ၆ ခု

348,957 လွန်ခဲ့သော ၁ ပတ် က
ဤအဖြေဖြင့် ပြေလည်

၄ လက်မ မော်တာပန့်တစ်လုံး၏ ပုံမှန်ရေထွက်အားသည် တစ်မိနစ်လျှင် ဂါလန် ၂၅၀ မှ ၃၅၀ ခန့် ရှိပါတယ်။ နှမ်းစိုက်ခင်းတွင် ရေသွင်းရန်အတွက် ပန့်အဝထွက်မှ ပင်မပိုက်ကို ၃ လက်မ သို့မဟုတ် ၄ လက်မ PVC သုံးရမည်ဖြစ်ပြီး၊ ထိုမှတစ်ဆင့် ခွဲထွက်ပိုက်ကို ၂ လက်မခွဲ၊ ရေဖျန်းခေါင်းတပ်မည့် ပိုက်လိုင်းငယ်ကို ၁ လက်မခွဲ သို့မဟုတ် ၁ လက်မ သွယ်တန်းရပါမယ်။ ရေဖျန်းခေါင်း အရေအတွက်မှာ တောင်သူကြီးရွေးချယ်မည့် ခေါင်းအရွယ်အစားပေါ် မူတည်ပြီး ၁/၂ လက်မ ခေါင်းငယ်သုံးပါက အလုံး ၅၀ မှ ၇၀ ကြား၊ ၃/၄ လက်မ ခေါင်းလတ်သုံးပါက အလုံး ၃၀ မှ ၄၀ ကြား၊ ၁ လက်မ ခေါင်းကြီးသုံးပါက အလုံး ၁၅ လုံးမှ ၂၀ ခန့်အထိ တစ်ပြိုင်နက် မောင်းနှင်နိုင်ပါတယ်။ သို့သော် ရေဖိအား ညီညာစေရန် စိုက်ခင်းကို အကွက်ခွဲပြီး ဘောဗားများဖြင့် တစ်လှည့်စီ ရေသွင်းခြင်းက အထိရောက်ဆုံး ဖြစ်ပါလိမ့်မယ်။သို့မဟုတ် ပိုက်ပေါက်များဖြင့် ပေးခြင်းက ပိုကောင်းပါတယ်

348,957 လွန်ခဲ့သော ၁ ပတ် က

နီးစပ်ရာ စိုက်ပျိုးရေးသုံးပစ္စည်းရောင်းဆိုင်များမှာမေးမြန်းဝယ်ယူကြည့်ပါ

2,602 လွန်ခဲ့သော ၁ ပတ် က

ကျေးဇူးပါ ပိုက်နဲ့ရေဂေါင်ဘယ်မှာဝယ်ရလဲး

348,957 လွန်ခဲ့သော ၁ ပတ် က

၄ လက်မ မော်တာပန့်ကို အသုံးပြု၍ ၁ လက်မ ရေဖျန်းခေါင်းကြီးများ တပ်ဆင်မည်ဆိုပါက တစ်ပြိုင်နက်တည်းတွင် ၁၅ လုံးမှ ၂၀ လုံးအထိ မောင်းနှင်နိုင်ပါတယ်။ ရေဖျန်းခေါင်းတစ်ခုနှင့်တစ်ခု ဆင်ရမည့် အကွာအဝေးမှာ ရေပက်ဖြန်းနိုင်သည့် ဧရိယာအလိုက် ပေ ၄၀ မှ ပေ ၆၀ ကြား ထားရှိရပါမယ်။ ရေဖိအား အမြဲညီညာနေစေရန်အတွက် စိုက်ခင်းကို အကွက်ခွဲပြီး ဘောဗားများဖြင့် တစ်လှည့်စီ ရေသွင်းခြင်း သို့မဟုတ် ပိုက်ပေါက်များဖြင့် ပေးခြင်းက အထိရောက်ဆုံး ဖြစ်ပါတယ်။

2,602 လွန်ခဲ့သော ၁ ပတ် က

ဘယ်နှစ်ပေအကွာအဝေးဆင်ရလဲး

2,602 လွန်ခဲ့သော ၁ ပတ် က

တစ်လက်မဂေါင်းကိုဘယ်နှစ်ချားရလဲး

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။