အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဖြေလည်သော အဖြေရရှိပြီး
ko  zaw
ko zaw 31
လွန်ခဲ့သော ၁ ပတ် က · ဘိုကလေး

ဆရာတို့ရေ စပါးယူဖရာ ဖစ်နေလို့ ကျန်ခဲ့တဲ့၁၅ရက်က ကာဘိုဆာဖန် 3gပတ် ထားတာလည်း မတန့်လို့ ဘာဆေးသုံးရမလည်း အကြံပေးပါအုံး

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
မကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၃ ရက်
စိုက်ပျိုး ရေ စပါး

ဖြေကြားချက် ၅ ခု

သော်ဇင်
သော်ဇင် 352,015 လွန်ခဲ့သော ၁ ပတ် က
ဤအဖြေဖြင့် ပြေလည်

ဤအဖြေဖြင့်ပြေလည်သည် အမှန်ခြစ်၍သတ်မှတ်ပေးနိုင်ပါတယ်

U Mg Mg Htwe
U Mg Mg Htwe အတည်ပြုပြီး 218,458 လွန်ခဲ့သော ၁ ပတ် က

ယူဖရာနီမတုတ်အပင်ထဲရောက်သွားရင်ပင်လုူံပြန့်နီမတုကတ်ဆေးဘဲထိရောက်နိုင်တယ်အရင်ကယူဖရာရောဂါကမြန်မာမှာမရှိသလောက်ရှားတယ်၁၉၆၇လောက်ထဲကIRRI မှာအရေးကြီးစပါးရောဂါတစ်မျိုးဖြစ်တယ်ဟိုတုံးကတော့ဖြူရဒါဏ်လောက်နဲ့ဘဲရောဂါဖြစ်တဲ့အကွက်လောက်ဘဲဆေးပက်ပြီးထိန်းချုပ်နိုင်တယ်IPM နည်းနဲ့ရောဂါကျအပင်နှုပ်ရိုးဖြတ်မီးရှိုု့ပုလဲနဲ့အခြားဓာတ်မြေသြဇာမသုံးစသည်တို့ကိုကျင့်သုံးကြတယ်ချစ်တီးပန်းကိုသစ်စိမ်းအဖြစ်လဲသုံးကြတယ်

သော်ဇင်
သော်ဇင် 352,015 လွန်ခဲ့သော ၁ ပတ် က

Fosthiazate 10G ဝယ်လို့ရတယ်ဆိုရင်တော့ ကောင်းပါတယ်ဗျ

ko  zaw
ko zaw 31 လွန်ခဲ့သော ၁ ပတ် က

@သော်ဇင် fosthiazate 10g ကပိုကောင်းတယ်ပြောလို့ ပတ်ရင်အဆင်လောက်လားဆရာ

သော်ဇင်
သော်ဇင် 352,015 လွန်ခဲ့သော ၁ ပတ် က

ယူဖရာရောဂါ ဖြစ်စေသော နီမတုတ်ပိုးများသည် စပါးပင်အတွင်းပိုင်းသို့ ရောက်ရှိသွားပါက ကာဘိုဖူရန် ဆေးခဲဖြင့် နှိမ်နင်းရန် ခက်ခဲတတ်ပါတယ်။ ထို့ကြောင့် ပင်စည်အတွင်းပိုင်းအထိ ထိုးဖောက်နိုင်စွမ်းရှိသော ကာဘိုဆာဖန် (Carbosulfan 40% EC) သို့မဟုတ် ထရိုင်အေဇိုဖော့စ် (Triazophos 40% EC) ကဲ့သို့သော ပင်လုံးပျံ့ဖျန်းဆေးများကို အပင်ခြေနှင့် ရွက်ဖုံးကြားထဲအထိ ရောက်အောင် ချက်ချင်း ပြောင်းလဲဖျန်းပေးရပါမယ်။ ၎င်းအပြင် ရောဂါလက္ခဏာ ပြင်းထန်သော စပါးပင်များကို နှမြောခြင်းမရှိဘဲ ချက်ချင်းနုတ်ယူ မီးရှို့ဖျက်ဆီးပစ်ရန် လိုအပ်ပြီး၊ ရောဂါပိုးများသည် ရေစီးကြောင်းအတိုင်း ကူးစက်တတ်သဖြင့် ရောဂါကျနေသော လယ်ကွင်းမှရေများကို အခြားလယ်ကွင်းများအတွင်းသို့ စီးဝင်ခြင်းမရှိစေရန် လယ်ကန်သင်းများကို သေချာစွာ ပိတ်ဆို့ထားရပါမယ်။ ယူရီးယားမြေဩဇာ အလွန်အကျွံကျွေးခြင်းကို ရှောင်ကြဉ်ပြီး ရိတ်သိမ်းချိန်တွင်လည်း ရိုးပြတ်များကို ကောင်းစွာ မီးရှို့ဖျက်ဆီးပေးမှသာ ရောဂါသံသရာကို ပြတ်တောက် စေပါလိမ့်မယ်။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။