ဖြေကြားချက် ၃ ခု
လက်သဲစောင်းမြက်ကို ကျွန်တော်ပြောသည့် Aiများက ပေါင်းပင်ငယ်စဉ်မှာဖျန်းရင်တက်ူထိရောက်ပါတယ်၊ အခုက ပေါင်းပင်သက်တမ်းက ၂လဆိုတော့လွန်သွားပါပြီ ဖျန်းလည်း ထိရောက်မှုနည်းပါလိမ့်မယ်၊ ပေါင်းပင်ကြီးတယ်ဆိုရင် မသေသည်အထိလည်းဖြစ်နိုင်ပါတယ်၊ အဒါကြောင့်မဖျန်းသင့်တော်ဘူးပြောတာပါ၊ တောင်သူက မဖြစ်မနေဖျန်းကြည့်ချင်တယ်ဆိုရင်တော့ အထက်ပါ ပါဝင်ပစ္စည်း ၂ခုထဲက တခုကိုရွေးပြီးဖျန်းဖို့ပြောတာ၊ သေချာတာတော့ပေါင်းပင်ကြီးသွားပြီဆိုရင်တော့ ဆေးဖိုးအကုန်မခံသင့်တော့ပါဘူး၊ လုပ်အားဖြင့်နိုင်သလောက်ရှင်းပြီး နောက်နှစ်မှ ပေါင်းပင်ငယ်စဉ်တည်းက ပေါင်းသတ်ဆေးစနစ်တကျအသုံးပြုနှိမ်နင်းဖို့အကြံပြုပါတယ်
ဆရာညွန်းတဲ့ဆေးကလက်သဲစောင်းအပေါ်ထိရောက်မှု့ရှိပါသလားခင်ဗျာ
စပါးသက်တမ်း ၂ လကျော် (ရက် ၆၀ ကျော်) ရှိချိန်တွင် လက်သဲစောင်း မြက်ကို ဆေးဖျန်းပါက ထိရောက်မှု မရှိနိုင်တော့သလို ဖျန်းရန်လည်း မသင့်တော်ပါဘူး။ ဤအချိန်တွင် ရှိနေသော ပေါင်းပင်များသည် အမြစ်ခိုင်ပြီး သက်တမ်းရင့်နေပြီဖြစ်၍ ဓာတုဆေးဖြင့် မသေနိုင်တော့သည့်အပြင် စပါးပင်သည်လည်း မှို့ကပ်ချိန်အဆင့်သို့ ရောက်ရှိနေပြီဖြစ်၍ ပေါင်းသတ်ဆေးဖျန်းပါက စပါးနှံထွက်မှုကို ထိခိုက်ပြီး အထွက်နှုန်း သိသိသာသာ လျော့နည်းသွားနိုင်ပါလိမ့်မယ်။ အကယ်၍မိမိက ဆေးဖျန်းကြည့်ချင်တယ်ဆိုပါက မြက်အုပ်ပေါင်းပင်ငယ်များ နှိမ်နင်းနိုင်သည့် Fenoxaprop (ဖီနောက်ဆာပရော့ဖ်) သို့မဟုတ် Cyhalofop (ဆိုင်ဟာလိုဖော့ဖ်) တစ်မျိုးမျိုးဖျန်းပေးနိုင်ပါတယ်
ဆက်စပ်မေးခွန်းများ
ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း
ဖြေကြားချက် 1 ခု
GW11ကိုတဧကဘယ်နတင်းလောက်ကျဲပတ်ရင်ကောင်းမလဲအချိုကပါးပါးကျဲရင်စပါးအရန ည်းတယ်ဆိုတာဟုပ်ပါသလားခင်ဗျား။
ဖြေကြားချက် 1 ခု
ဒီနှစ်နွေစပါးအတွက် အယ်နီညိုရှိတော့ မျိုးစပါးအတွက်။ ဆာဖိုးသာနဲ့ Gw11 ဘယ်မျိုးထည့်ရင် ကောင်းနိုင်လဲဆရာ
ဖြေကြားချက် 5 ခု
ကျနော်ရဲ့စပါးကျဲခင်းလုပ်မည့်လယ်ကွ က်ထဲမှာမိုးဦးက။။မသေဘဲကျန်နေတဲ့မြက်ကြိမ်ပင်အကြွင်းအကျန်မျာကိုပေါင်းသက်ဆေး...
ဖြေကြားချက် 3 ခု
ဧရာမင်းစပါး ၁၁၀ရက်ရှိပါပြီ အောက်ရွက်ခြေက်နေလို့ ဘာလုပ်သင့်လဲ ပြောပေးပါအုံး မြေဩဇာကျွေးပြီးတာ ရက်သုံးဆယ်ကျော်ပါ...
ဖြေကြားချက် 9 ခု