အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Aung Nay Linn
လွန်ခဲ့သော ၁ နာရီ က · ညောင်ရွှေ

ပန်းပင်အရွက်များအခြားအပင်နဲ့မတူအရောင်ဖျော့နေတာဘာဖြစ်နေလဲမသိလို့ ဆရာတို့ လမ်းညွှန်ကြပါအုံးဗျို့

ပိုးမွှားရောဂါ ဂန္ဓမာ
Post image

ဖြေကြားချက် ၃ ခု

သော်ဇင်
သော်ဇင် 351,522 လွန်ခဲ့သော ၂ မိနစ် က

ပုံပါ ဂန္ဓမာပင်၏ အညွန့်သစ်နှင့် အရွက်နုများ စိမ်းဝါရောင် ဖြစ်နေခြင်းမှာ အပင်အောက်ခြေရွက်ဟောင်းများ စိမ်းနေပြီး အပေါ်ပိုင်းသာ ဝါနေသည့်အတွက် ပိုးမွှားကြောင့်မဟုတ်ဘဲ သံဓာတ် (Iron) ချို့တဲ့ခြင်း သို့မဟုတ် မြေ pH မြင့်မား၍ အာဟာရမစုပ်ယူနိုင်ခြင်း (Chlorosis) ကြောင့် ဖြစ်နိုင်ခြေ အရှိဆုံး ဖြစ်ပါတယ်။ ဤပြဿနာကို ဖြေရှင်းရန်အတွက် သံဓာတ်ပါဝင်သော အနည်းလိုအာဟာရစုံလင်စွာပါသည့်ရွက်ဖျန်းဆေး ကို အရွက်ဖျန်းအားဆေးအဖြစ် ပက်ဖျန်းပေးခြင်း၊ NPK မျှတသော မြေဩဇာ ကျွေးခြင်းနှင့် ရေဝပ်မှုမရှိစေရန် ရေသွင်းရေနုတ်ကို စနစ်တကျ ထိန်းညှိပေးခြင်းဖြင့် အရွက်များကို ပြန်လည်စိမ်းလန်းလာစေနိုင်ပါတယ်

Thein Soe Min
Thein Soe Min အတည်ပြုပြီး 324,019 လွန်ခဲ့သော ၄၃ မိနစ် က

ဖြစ်နိုင်တာက ၂ မျိုးရှိတယ်။ ပထမတစ်ခုက မျိုးထွန်းသွားတာမျိုးပါ။ အပင်တွေအများကြီးထဲကမှ အပင်အချို့က ဗီဇပြောင်းလဲသွားတာမျိုး။ နောက်တစ်မျိုးကတော့ သံဓာတ်သို့မဟုတ် မဂ္ဂနီဆီယမ်ဓာတ်ချို့တဲ့တဲ့အခါ အစိမ်းရောင်ခြယ်ဓာတ်ထုတ်လုပ်မှုနည်းလာပြီး အရောင်ဖျော့သွားတာမျိုးပါ။ တစ်ပင်စ နှစ်ပင်စဆိုရင်တော့ ဘာမှလုပ်စရာမလိုပါဘူး။ စောင့်ကြည့်ပေးပါ။ အပင်များရင်တော့ အနည်းလိုအဟာရဓာတ်ပါတဲ့ ရွက်ဖျန်းအားဆေး ဖျန်းပေးနိုင်ပါတယ်။

နံပတ်2
နံပတ်2 638 လွန်ခဲ့သော ၁ နာရီ က

အရွက် မစိမ်းလို့ ဝါနေတာပါ နွားချီးနဲ့ ပုလဲ တညနပ်ပီး နည်းနည်း ဖြူးပေးပါ

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ဆရာများခဗျာ ဂန္ဓမာစူပါကျောက်စိမ်ကို များသောအားဖြင့်မီးထွန်းပြီးစိုက်ကြပါတယ် မီးမထွန်းဘဲစိုက်လို့ရပါသလာ မီး...

ဖြေကြားချက် 3 ခု

ဆရာတို့ရေ ဂန္ဓမာပန်းခင်းမှာအခုလိုပုံမှာတင်ထားတဲ့အတိုင်း ဖြစ်နေလို့ပါ။ဘာဆေးဖျန်းရမလဲ အကြံဉာဏ်ပေးကြပါအုံးဗျာ

ဖြေကြားချက် 2 ခု

ခုလိုမျိုး ၂ပင်လောက် ဖြစ်နေတယ်ခဗျာ အစားကျွေးထားတာ၅ရက်ရှိပါပြီး အမိုင်နိုဆေးဖြန်းထားပါတယ် အစားကျွေးတာများလို့ခ...

ဖြေကြားချက် 2 ခု

ယင်ဖြူနဲ့ဖူးစားပိုးရွက်စားပိုးနဲ့မှုိရောဂါတွေအတွက်ဘယ်လို့ထိထိရောက်ရောက်ရောဖျန်းရမလဲဖျန်းရမဲ့အတွဲလေးသိရင်ဖြေပေး...

ဖြေကြားချက် 3 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

ဖြေကြားချက် 5 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။