လောင်မဲနိုင်တဲ့ဆေးလေးသိပါရစေဗျာ
ခရမ်းချဉ်ပင်တွင် ကျရောက်တတ်သော နှောင်းပင်နာကျ (လောင်မဲ) ရောဂါသည် Phytophthora infestans ကြောင့် ဖြစ်ပွားပြီး စိုက်ခင်းကို အချိန်တိုအတွင်း ပျက်စီးစေနိုင်သော ဆိုးရွားသည့် ရောဂါ ဖြစ်ပါတယ်။ ရောဂါ ကာကွယ်ကုသရန်အတွက် အပင်ကြား လေဝင်လေထွက် ကောင်းမွန်အောင် အရွက်ဟောင်းများ ရှင်းလင်းခြင်း၊ အပင်ခြေမှသာ ရေသွင်းခြင်းနှင့် ရောဂါရအပင်အစိတ်အပိုင်းများကို စိုက်ခင်းပြင်ပသို့ ဖယ်ရှားဖျက်ဆီးခြင်းတို့ကို ပြုလုပ်ရပါမယ်။ ဓာတုဆေးဝါးဖြင့် နှိမ်နင်းရာတွင် ရောဂါအစပျိုးချိန်၌ မန်ကိုဇက် (Mancozeb) သို့မဟုတ် ကော့ပါးအခြေခံဆေးများကို ပက်ဖြန်းနိုင်ပြီး၊ ရောဂါကူးစက်နေပါက မက်တယ်လက်ဆီး(Metalaxyl)၊ ဒီုင်မီသိုမော့ဖ် (Dimethomorph) သို့မဟုတ် ဆိုင်မောက်ဆနေး (Cymoxanil) ကဲ့သို့သော ပင်လုံးပျံ့မှိုသတ်ဆေးများကို ၇ ရက်မှ ၁၀ ရက်တစ်ကြိမ် အလှည့်ကျ ပြောင်းလဲပက်ဖြန်းပေးရပါမယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
အရွက်တေဒီလို အရောင်ဖြစ်တာ ဘာကြောင့်လဲဗျ အရွက်တေကုတ်သလိုလဲ ဖြစ်တယ်
ဖြေကြားချက် 1 ခု
ခရမ်းချဉ်သီးစိုက်ပျိုးဖိုးသဲများတဲမြေမှာအဆင်ပြေပါသလား
ဖြေကြားချက် 2 ခု
ခရမ်းချဥ်သီးပင် မိုးကြီးရွာပြီး အောက်လက်တွေဝါသွားတယ်၊ရွက်သစ်တွေစိမ်းစိုတယ်၊အသီးပွင့်လိုက်စပြုနေပါပြီ ဘယ်လိုဆေး...
ဖြေကြားချက် 1 ခု
ဆရာရေ ခရမ်းချဥ်စျေးကတော့ ဒီနှစ်အတွက်စံချိန်သစ်တင်ပါပြီ တစ်ပိသာ 5000 စျေးထိ ဒီနေ့ တက်လာပါတယ်ခင်ဗျ အပင်ရေ 500...
ဖြေကြားချက် 5 ခု
ရန်ကုန်နှင့်အနီးတစ်ဝှိက်မှာချယ်ရီခရမ်းချဉ်သီးစိုက်ပျိုးကြပါသလားရှင့်
ဖြေကြားချက် 1 ခု
ရေပန်းစားသော အကြောင်းအရာများ
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။