ရွှေဘိုပေါ်ဆန်းမြေဆီကျွေးနည်းလေးသိချင်လို့ပါဗျ ရက်၊လ၊လေးပြောပေးပါလားဗျ
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- မရှိ
- အပင်သက်တမ်း
- ၁၅ ရက်
အသက် ၁၅ ရက်သား ရွှေဘိုပေါ်ဆန်းစပါးသည် မြေခံမြေသြဇာ မကျွေးရသေးပါက ယခုအချိန်တွင် တီစူပါ (အိတ်ဝက်) နှင့် ပိုတက်ရှ် (အိတ်လေးပုံတစ်ပုံ) ကို အမြန်ဆုံး ကျွေးပေးရပါမယ်။ အရည်အသွေးကောင်းစပါးမျိုး ဖြစ်သဖြင့် အပင်သက်တမ်း ၂၅-၃၀ ရက် (ပင်ပွားချိန်) တွင် ပုလဲမြေသြဇာ အိတ်ဝက်ခန့်ကိုသာ ထည့်သွင်းရမည်ဖြစ်ပြီး၊ သက်တမ်း ၉၅-၁၀၀ ရက် (မှို့ကပ်ချိန်) တွင် ပုလဲ (အိတ်လေးပုံတစ်ပုံ) နှင့် ပိုတက်ရှ် (အိတ်လေးပုံတစ်ပုံ) ကို နောက်ဆုံးအကြိမ် ကျွေးရပါမယ်။ ပုလဲမြေသြဇာ အလွန်အကျွံကျွေးပါက အပင်လဲခြင်းနှင့် ရောဂါကျရောက်ခြင်း ဖြစ်စေနိုင်သဖြင့် အပင်လိုအပ်ချက်သာကြည့် ကျွေးရန်နှင့် မွှေးရနံ့ကောင်းစေရန် သဘာဝမြေသြဇာ (သို့မဟုတ်) နွားချေးဆွေးဖြင့် ပေါင်းစပ် ရောနှပ်ကျွေးရန် အကြံပြုအပ်ပါတယ်။ပမာဏ အနည်းအများကိုတော့မိမိဘာသာချင့်ချိန်နိုင်ပါတယ်။ မြေဩဇာကျွေးနည်းကအနှစ်ချုပ်လိုက်ရင် Pနှင့်Kမြေဩဇာကို မြေခံမှာထည့်ရင်ထည့်၊မထည့်နိုင်ရင် စပါးပင်သက်တမ်းအစောပိုင်းမှာတည်းကထည့်ခဲ့ရပါမယ်။ ပုလဲကို အပင်အရွက်အရောင်ပေါ်မူတည်ပြီးကြည့်ကျွေး၊ Kကို မှို့ကပ်ချိန်မှာ မဖြစ်မနေ ဒုတိယအကြိမ်ထည့်ပေးရပါမယ်
ဆက်စပ်မေးခွန်းများ
မေးပါဦးမယ်ခင်ဗျ ပျိုးထောင်ပြီး ပြောင်းရွေ့စိုက်တဲ့စပါးခင်းတွေမှာ စပါးသက်တမ်းတွက်ရင် ပျိုးခင်းမှာ အညှောင့်ပေါက်...
ဖြေကြားချက် 1 ခု
ရွှေဘိုဘေးကျားလေးက သက်တမ်းဘယ်လောက်ရှိ့လဲဗျ ပြီးတော့ ဘယ်နရက်သားဆိုဖုံးလဲဗျ အခုက ၇၈ ရှိ့ပါပြီဗျ ပြီးတော့ အပင်လို...
ဖြေကြားချက် 7 ခု
စပါးပင်တွေပင်ပွားမရှိဘဲ ပိတ်သည်းနေတာ 75ရက်သားရှိပါပီ မှို့ဆေးဖျန်းရတေယ့မလား 120သက်တမ်းစပါးပါ
ဖြေကြားချက် 1 ခု
GW 11 ကြဲပြီးရက်မှ ရိတ်ချိန်အထိမြေဆီကြွေးပုံကြွေးနည်းလေးပြောပြပေးပါဗျ
ဖြေကြားချက် 2 ခု
ကျွန်တော့ စပါးခင်းမှာ ပိုးကျနေလို့ပါဗျ ဘာပိုးလဲ ဘယ်ဆေးကို သုံးရမလဲ ညွှန်ကြားပေးပါအုံးဗျ
ဖြေကြားချက် 2 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။