အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
zin min htet
zin min htet 19
လွန်ခဲ့သော ၁ ပတ် က · ပန်းတောင်း

ကျွန်တော့်မတ်ပဲခင်းမှာအလိုအကောင်လေးတွေ့ရလို့ဘာဆေးသုံးရမလည်း ပြောပြကြပါအုံးဆရာတို့ရေ

ပိုးမွှားရောဂါ မတ်ပဲ
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 371,327 လွန်ခဲ့သော ၁ ပတ် က

ပုံပါ မတ်ပဲခင်းတွင် ကျရောက်နေသော ပိုးမွှားများသည် အပင်နုပိုင်းနှင့် အဖူးအညွန့်များမှ သစ်ရည်ကို စုပ်ယူစားသောက်တတ်သည့် ပဲစုပ်ပိုး (ပျပိုး - Aphids) များ ဖြစ်ပါတယ်။ ၎င်းတို့ကြောင့် အပင်ကြီးထွားမှု ရပ်တန့်ကာ အရွက်များ တွန့်လိပ်ပျက်စီးနိုင်သည့်အပြင် ဗိုင်းရပ်စ်ရောဂါများပါ ကူးစက်နိုင်ပါတယ်။ ကာကွယ်နှိမ်နင်းရန် စိုက်ခင်းဘေးပတ်ဝန်းကျင်ရှိ ပေါင်းမြက်များကို ရှင်းလင်းပြီး ပိုးကျရောက်မှု နည်းပါးပါက တမာဆီတမာပိုးသတ်ဆေး (Neem Oil) ၂% ကို ဖျန်းပေးနိုင်ပါတယ်။ စိုက်ပျိုးရေးလမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ ပိုးကျရောက်မှု များပြားပါက အဆီတာမီပရစ် (Acetamiprid)၊ သို့မဟုတ် အီမီဒါကလိုပရစ် (Imidacloprid) စသည့် ပင်လုံးပြန့်ပိုးသတ်ဆေးတစ်မျိုးမျိုးကို ဝယ်ယူ၍ ညနေပိုင်း နေအေးချိန်တွင် အရွက်အောက်မျက်နှာပြင်များပါ အနှံ့အစပ် ထိမိအောင် ပက်ဖျန်းနှိမ်နင်း သုံးစွဲလေ့ရှိတယ်

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။