ဖြေကြားချက် ၁ ခု
ပဲတောင့်ရှည်ပင်များတွင် အရွက်ဝါပြီး အဆစ်လိုက်ကြွေကျခြင်း သို့မဟုတ် ညှိုးကျခြင်းသည် ပဲပင်ညှိုးရောဂါ (Fusarium Wilt)၊ မြစ်ခြောက်ဆွေးရောဂါ သို့မဟုတ် ဗိုင်းရပ်စ်မိုဆေ့ရောဂါများကြောင့် ဖြစ်နိုင်ခြေများပါတယ်။ ဤရောဂါများကို သက်သာပျောက်ကင်းစေရန် ကာဘင်ဒါဇင် (Carbendazim) သို့မဟုတ် သီအိုဖနိတ်မီသိုင်း (Thiophanate-methyl) ကဲ့သို့သော ပင်လုံးပျံ့မှိုသတ်ဆေးများကို အသုံးပြုနိုင်သလို၊ ရောဂါကာကွယ်ရန်အတွက် မန်ကိုဇက် (Mancozeb) ကို ပက်ဖျန်းပေးနိုင်ပါတယ်။ ထို့အပြင် ဗိုင်းရပ်စ်ရောဂါပိုး သယ်ဆောင်တတ်သည့် ပျပိုးနှင့် ယင်ဖြူများကို နှိမ်နင်းရန် အီမီဒါကလိုပရစ် (Imidacloprid) ပိုးသတ်ဆေးကိုပါ တွဲဖက်သုံးစွဲရပါမယ်။ စိုက်ပျိုးရေးနည်းစနစ်အနေဖြင့် ရောဂါရနေသောအပင်များကို နှုတ်ယူမီးရှို့ဖျက်ဆီးခြင်း၊ စိုက်ခင်းအတွင်း ရေမဝပ်စေရန် ရေနုတ်မြောင်းများ ပြုပြင်ခြင်းနှင့် နိုက်ထရိုဂျင်မြေဩဇာ အလွန်အကျွံကျွေးခြင်းကို ရှောင်ကြဉ်ရန် လိုအပ်ပါတယ်။ ဆေးဝါးများ မသုံးစွဲမီ ဘာကြောင့်ဖြစ်လဲသိနိုင်ရန် ပုံတင်ပြီးမေးပေးပါ၊ ပိုးလားရောဂါလားမခွဲတတ်ရင် ကုန်ကျစရိတ်များပြီးမထိရောက်ဘဲရှိပါလိမ့်မယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ဆရာ အောက်တိုဘာ နိုဝင်ဘာလတွေမှာ မိုးအနည်းငယ်လောက်ရနိုင်သေးလားခင်ဗျ မိုးကုန်သွားပီလားဗျ
ဖြေကြားချက် 2 ခု
ဆရာအားတော့နာပါတယ်ဖြေပေးပါအူးဆျာ ခရမ်းချဥ်က နိုဝင်ဘာလကုန် လောက်ထိပဲ ခူးရမှာဆိုတော့ ကျွန်တော်လေ ခရမ်းချဥ် တန်း...
ဖြေကြားချက် 5 ခု
ပဲပွင့်တွေတအားကြွေ နေလို့ ကြည့်လိုက်တော့ အထဲမှာလှေးတွေ့နေရလို့ဆရာ အစီတာမီပရစ်နဲ့ လန်ဘဒါ တစ်ကြိမ် အဘာမက်တင် တစ်...
ဖြေကြားချက် 2 ခု
ပဲတောင့်ရှည်ပင်ရဲ့အရွက်တွေမှာ ဒီလိုတွေ၀ါလာတာ ဘာဆေးသုံးရမလဲရှင်
ဖြေကြားချက် 2 ခု
ဆရာခင်ဗျ ဒီချိန်မှာ ပဲတောင့်ရှည် စိုက်မယ်ဆိုရင်မှီသေးလားခင်ဗျ မြေခံဘာထည့်စိုက်ရမလဲခင်ဗျ
ဖြေကြားချက် 2 ခု