အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
Sanay
Sanay 483
လွန်ခဲ့သော ၂ ရက် က

ပေါ်ဆန်းစပါးပါဗျအသက်ကတော့2လခွဲ။ရှိပါပြီးဗျမြေဩဇာကတော့2လသားမှာ‌15ပတ်လဲတစ်အိပ်နဲ့N15 or K30တစ်အိပ်တော့ရောပက်ထားပါတယ်အကျယ်ကတော့4ဧကလောက်ရှိပါတယ် ဘာဖြစ်တာလဲဗျ

ပိုးမွှားရောဂါ စပါး
Post image
Post image
Post image

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 364,644 လွန်ခဲ့သော ၂ ရက် က

သက်တမ်း ၂ လခွဲရှိ ပေါ်ဆန်းစပါးခင်းတွင် ဖြစ်ပွားနေသော ရောဂါမှာ "စပါးရွက်ညိုပြောက်ရောဂါ" (Rice Narrow Brown Leaf Spot) ဖြစ်ပြီး မြေဆီလွှာ အာဟာရမမျှတခြင်းနှင့် စိုထိုင်းဆများခြင်းတို့ကြောင့် ပိုမိုပြန့်ပွားတတ်ပါတယ်။ ၎င်းကို ထိရောက်စွာ နှိမ်နင်းရန်အတွက် ရောဂါလက္ခဏာတွေ့ရှိရသည်နှင့် တပြိုင်နက် Propiconazole (သို့မဟုတ်) Azoxystrobin + Difenoconazole ပါဝင်သော မှိုသတ်ဆေးတစ်မျိုးမျိုးကို ဆေးစွဲကပ်ပျံ့နှံ့ဆေးနှင့် ရောစပ်ကာ တစ်ပတ်လျှင် တစ်ကြိမ်နှုန်းဖြင့် အရွက်များအနှံ့ စိုစွတ်အောင် ပက်ဖျန်းပေးရပါမယ်။ ထို့ပြင် လယ်ကွက်အတွင်း ရေသွင်းရေထုတ် စနစ်တကျလုပ်ဆောင်ခြင်း၊ နိုက်ထရိုဂျင် (ယူရီးယား) ကျွေးမှုကို လျှော့ချပြီး ပိုတက်ဆီယမ်နှင့်ဆီလီကွန် (Silicon) ဓာတ်မြေသြဇာကို တိုးမြှင့်ကျွေးခြင်းဖြင့် စပါးပင်ကို ရောဂါဒဏ်ခံနိုင်ရည်ရှိအောင် ပြုပြင်ထိန်းသိမ်းပေးရပါမယ်။ယခုရာသီ စပါးရိတ်သိမ်းပြီးပါက နောက်ရာသီတွင် ရောဂါမကျရောက်စေရန် ရောဂါရအပင်အကြွင်းအကျန်များနှင့် ရိုးပြတ်များကို စနစ်တကျ မီးရှို့ဖျက်ဆီးပစ်ရန် လိုအပ်ပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။