အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကိုနိုင်
လွန်ခဲ့သော ၂ ပတ် က · မှော်ဘီ

ငွေပန်စိုက်ချင်လို့ဗျာ နေရာကျယ်တယ် သိချင်တာက ဘယ်အချိန်စိုက်ရလဲ ဘယ်လောက်ကြာရင်ငွေပေါ်လဲ ဘယ်လိုစိုက်ရလဲ ဘယ်အဟာရကျွေးရလဲ ရေဘယ်လို ပေးရလဲ သိချင်ပါတယ်

စိုက်ပျိုးနည်း ငွေပန်း

ဖြေကြားချက် ၁ ခု

သော်ဇင်
သော်ဇင် 399,733 လွန်ခဲ့သော ၂ ပတ် က

ငွေပန်းကို များသောအားဖြင့် မိုးဦးကျကာလဖြစ်တဲ့ ဧပြီလနဲ့ မေလ တွေမှာ အများဆုံး စိုက်ပျိုးကြပါတယ်။ မျိုးပွားတဲ့အခါ မျိုးဥ (အမြစ်ဥတက်) ကို သုံးပြီး ပင်ကြား ၄ လက်မ၊ တန်းကြား ၆ လက်မ အကွာအဝေးနဲ့ စိုက်ရပါတယ်။ အပင် ၂ လသား အရွယ်မှာ အပင်ပိုင်းသန်စွမ်းဖို့ ယူရီးယားမြေဩဇာကို ရေဖျော်ပြီး ကျွေးပေးရမှာဖြစ်ပြီး နွားချေး၊ ကြက်ချေးနဲ့ NPK မြေဩဇာတွေကိုလည်း မြေပြင်စဉ်ကတည်းက မြေခံအဖြစ် ထည့်ပေးရပါမယ်။ ရေပေးသွင်းရာမှာ မြေစိုစွတ်ရုံသာ ပုံမှန် ၁ ရက်ခြား တစ်ခါ လောင်းပေးရမှာဖြစ်ပြီး ဥပုပ်ရောဂါမဖြစ်အောင် ရေမဝပ်ဖို့ သတိပြုရပါမယ်။ ငွေပန်းဟာ စိုက်ပျိုးပြီး ၆ လမှ ၇ လအကြာ မှာ စတင်ပန်းပွင့်ပြီး နေ့စဉ်ခူးဆွတ်ကာ ငွေပေါ် (ဝင်ငွေရ) နိုင်ပါတယ်။

You

ဆက်စပ်မေးခွန်းများ

ရွှေပန်းပင်ကိုစိုက်ပျိုးတဲ့အခါပင်ကြား အတန်းကြားဘယ်လောက်အကွာအဝေးစိုက်သင့်ပါသလဲဆရာတို့ခင်ဗျာ

ဖြေကြားချက် 1 ခု

ရွှေပန်းပင်ကိုတူးပြီး စိုက်ခင်းထဲမရောက်ခင် အပင်အရိပ်အောက်မှာတစ်လလောက်ထားလို့ရပါသလားခင်ဗျာ ပြီးလျှင်စိုက်ဘောင်...

ဖြေကြားချက် 1 ခု

ရွှေပန်းပင်က အဖို အမရှိပါသလား အိမ်ကပန်းပင်တွေက သူများပန်းတွေလောက်အပွင့်မပွင့်လို့ပါ

ဖြေကြားချက် 2 ခု

ငွေပန်းထွက်လာတဲ့အတက်သေးပီးအပင်တွေမျှင်နေလို့ အပင်တုတ်၊အပင်ကြီးအောင်ဘာဓာတ်မြေဩဇာသုံးရမလဲပုံမှန်၁၅ပတ်လည်တော့သုံး...

ဖြေကြားချက် 1 ခု

ရွှေပန်းငွေပန်းခင်း အမြစ်ကနေဉထိပုပ်ပီးအပင်တွေနွမ်းလာပါတယ် ဘာရောဂါလဲဗျ ထရိုက်ကိုဒါးမားသုံးရင်ရနိုင်မလားသိချင်ပါ...

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။