ဖြေကြားချက် ၇ ခု
အောက်တိုဘာလ (၁၀ လပိုင်း) ၁၅၊ ၁၆ ရက်များတွင် မိုးစပါးအတွက် မျိုးစေ့ချခြင်းသည် ရာသီဥတု နောက်ကျလွန်းသဖြင့် ဆောင်းတွင်းအအေးဒဏ်ကြောင့် စပါးနှံမထွက်ခြင်း သို့မဟုတ် အဖျင်းများခြင်း ကဲ့သို့သော အထွက်နှုန်းထိခိုက်မှု အန္တရာယ်များပြားပါတယ်။ သို့သော်လည်း ရေရရှိမှုသေချာသော နေရာဒေသများတွင် နွေစပါးအတွက် ကြိုတင်ပျိုးထောင်ခြင်း သို့မဟုတ် သက်တမ်း ရက် ၉၀ ခန့်သာရှိသည့် သက်လျင်စပါးမျိုးများကို တိုက်ရိုက်မျိုးစေ့ချစနစ်ဖြင့် စိုက်ပျိုးမည်ဆိုပါက မြေအစိုဓာတ်ကို စနစ်တကျ ထိန်းသိမ်းပြီး ရေသွင်းနိုင်မယ်ဆိုရင်စိုက်ပျိုးနိုင်ပါတယ်။ မဖြစ်မနေ စိုက်ပျိုးခြင်းမဟုတ်ပါက စပါးအစား မြေအစိုဓာတ်ဖြင့် အောင်မြင်နိုင်သော ဆောင်းသီးနှံ ပဲမျိုးစုံကို ပြောင်းလဲစိုက်ပျိုးခြင်းက ပိုမိုစိတ်ချရပါတယ်။ မိမိမြို့နယ်ဒေသအလိုက်ဆိုတော့ ရေလိုအပ်သလိုစီမံနိုင်ရင် စိုက်ပျိုးလို့ရပါတယ်။မိမိဒေသသည် ဆည်ရေ သို့မဟုတ် အဝီစိတွင်းရေဖြင့် စိုက်ပျိုးနိုင်သော ဒေသဖြစ်ပြီး ဆောင်းတွင်းအအေးဒဏ်ကို ခံနိုင်ရည်ရှိသော မျိုးစပါးဖြစ်ပါက အောက်တိုဘာလလယ် ပျိုးထောင်ခြင်းသည် ပြဿနာမရှိနိုင်ပါဘူး။ ရာသီဥတုကတော့မိုးနှောင်းကာလဖြစ်၍ မိုးရွာသွန်းမှု လျော့နည်းသွားနိုင်သဖြင့် မျိုးစေ့ချပြီးချိန်တွင် အပင်ပေါက် အားကောင်းစေရန် လယ်ကွင်းအတွင်း မြေအစိုဓာတ်ကို စနစ်တကျ ထိန်းသိမ်းပေးနိုင်ရပါမယ်။ ရေရရှိမှု ခက်ခဲပါက အပင်ပေါက်နှုန်း အလွန်ကျဆင်းသွားနိုင်ပါတယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
စပါးနှံစုတ်ပိုးအတွတ်ဘာဆေးသုံးသင့်လဲဗျ ကျနော်တို့ရွာနားကပတ်ဝန်းကျင်ရွာတွေမှာနှံစုတ်ပိုးသောင်းကျန်းနေလို့ ဘယ်လို...
ဖြေကြားချက် 1 ခု
ဒီစပါး ၃ မျိုးက ဘာ ဖြစ်တာလဲ ရောဂါးကြောင့်လား ပိုးလား ဘယ်တီးရီးယားကြောင့်လား 1 စပါးက စပါးမိုးသီး လား 2က အဖျစ်...
ဖြေကြားချက် 5 ခု
စပါးအဖုံးထွက်ချိန်နှံစုပ်ဂျပိုးအန္တရာယ်ကိုဘယ်ဆေးသုံးရင်ကောင်းမလဲ
ဖြေကြားချက် 2 ခု
ဘာပိုးကျတာလဲခင်ဗျာမှိုရောဂါဖစ်တာလားခင်ဗျာ
ဖြေကြားချက် 2 ခု
မိုးကုန်ပီလား ရွာနိင်ခြေ ရှိသေးလား ပဲခူး လယ်တေက အခုမှ အဖုံးအလုံး ရှိသေးလို့ဗျ
ဖြေကြားချက် 1 ခု