ပြောင်းဖူးခင်း ဖောငမြောင်တောင်ကျနေလို့ ဘာဆေးဖျန်းရမလဲ အီမာမက်တင်ဘန်ဇိုအိတ်တော့ဖျန်းထားပါတယ်
- မြေသြဇာ ကျွေးထား/မထား
- ကျွေးထား
- ဆေးဝါးဖြန်း/သုံးစွဲထားမှု
- ရှိ
@cherry lay ဖောငမြှောင်တောင်ပိုးကို နှိမ်နင်းရန် အီမာမက်တင်ဘန်ဇိုအိတ်ဆေးကို အသုံးပြုထားသော်လည်း ဤပိုးသည် ဆေးယဉ်ပါးမှု (ဆေးမတိုးမှု) အလွန်မြန်ဆန်သောကြောင့် တစ်မျိုးတည်းကို ဆက်တိုက်မဖျန်းသင့်ပါဘူး။ ထို့ကြောင့် စိုက်ပျိုးရေးလမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့•ဖလူဗန်ဒိုင်ယာမိုက် (Flubendiamide)ကလိုရန်ထရန်နီလီပရိုး (Chlorantraniliprole) စပီနိုဆတ် (Spinosad) သို့မဟုတ် စပီနီတိုရမ် (Spinetoram)အင်ဒိုဆာကပ် (Indoxacarb) ကဲ့သို့သော အခြားအုပ်စုဝင် ပိုးသတ်ဆေးများနှင့် အလှည့်ကျစနစ်ဖြင့် ပြောင်းလဲဖျန်းပေး သုံးစွဲလေ့ရှိတယ်။ ဆေးဖျန်းသည့်အခါ ပိုးကောင်များ အဓိကအောင်းနေသည့် ပြောင်းဖူးပင်၏ အညွန့် ထဲသို့ ဆေးရည်တိုက်ရိုက်ကျရောက်အောင် အပေါ်စီးမှ စိုက်ဖျန်းရန် အရေးကြီးပြီး ညနေစောင်း နေအေးချိန်တွင် ဖျန်းလေ့ရှိတယ်။ စိုက်ခင်းအကျယ်အဝန်းပေါ်မူတည်၍ လက်ဖြင့်ကောက်ယူဖျက်ဆီးခြင်းတို့ကိုလည်း ပူးတွဲလုပ်ဆောင်လေ့ရှိတယ်။တမာဆေးရည် (Neem) ကို သုံးစွဲပြီး ပိုးဥများ မပေါက်ဖွားနိုင်အောင်နှင့် ပိုးမွှားများ စားသောက်မှု လျော့နည်းအောင် ကာကွယ်နိုင်ပါတယ်။ဆေးဖျန်းသည့်အခါ ဆေးကပ်စေရန် ဆေးစွဲကပ်ပျံ့နှံ့အားကောင်းစေသည့် ဆေး ကိုပါ ဆေးရည်ထဲတွင် မဖြစ်မနေ ရောစပ်ဖျန်းပေးပါ။
ဆက်စပ်မေးခွန်းများ
ပြောင်း ၁၅ရက်သားရှိပြီ ခုထိအပင်က သိပ်မထသေးဘူး အဲ့တာဘာဖစ်လို့လဲဗျာ
ဖြေကြားချက် 1 ခု
မိုးကောင်းမြို့နယ် တောင်နီကျေးရွာမှာ၁၀လပိုင်းထဲမှာပြောင်းချိုစိုက်လို့ရပါသလားခင်ဗျာ။
ဖြေကြားချက် 5 ခု
ပြောင်စိုက်ဖို့ထယ်ကြောင်းဆွဲပြီး..သဘာဝမြေသြဇာရယ်..ဂျစ်ဆပ်ကျောက်မှုန့်ရယ်..ငါးအမိုင်နို.အာ့သုံးမျိုးရေပြီးမြေခံ...
ဖြေကြားချက် 2 ခု
ပြောင်းခင်း ငမြောင်တောင်ကျနေတာဘာဆေးဖျန်းရမလဲ
ဖြေကြားချက် 2 ခု
အနှံထွက်ပြိးနောက်ပိုင်းdifenoconazole+astrobinနှစ်ကြိမ်ဖြန်းထားတယ်ဗျထက်ဖြန်းဖို့လိုသေးလားဗျ
ဖြေကြားချက် 4 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။